5.10.16

ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များကို တိုင်ကြားစာ ၁၀၀ ကျော်ရှိ

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(ဒီချုပ်)လွှတ်တော် ကိုယ်စားလှယ်များကို မကျေ နပ်သဖြင့် တိုင်ကြားထားသော တိုင်ကြားစာတစ်ရာကျော်ရရှိ ထားကြောင်း ယင်းပါတီ၏ လွှတ် တော်ကိုယ်စားလှယ်များ တိုင် ကြားစာဌာနတာဝန်ခံဒေါက်တာ မျိုးညွန့်ထံမှ သတင်းရရှိသည်။

လက်ရှိအချိန်အထိ တိုင် ကြားစာ ၁၄၀ခန့် ရရှိထားကာအ များစုသည် ပါတီ၏အလုပ်အမှု ဆောင်အဖွဲ့နှင့် လွှတ်တော်ကိုယ် စားလှယ်များ ဆက်ဆံရေးအ ကြောင်းကို အဓိကထားတိုင်ကြား မှုများဖြစ်ပြီး လွှတ်တော်ကိုယ်စား လှယ်များ၏ ကိုယ်အမူအရာ၊နှုတ် အမှုအရာများအပေါ် တိုင်ကြား သည့် တိုင်ကြားစာအနည်းငယ် လည်းပါဝင်သည်ဟု ဒေါက်တာ မျိုးညွန့်ကပြောသည်။
‘‘အဓိကကတော့ လွှတ် တော်ကိုယ်စားလှယ်နဲ့အလုပ်အ  မှုဆောင်တွေကြားမှာ ညှိနှိုင်း ဆောင်ရွက်မှုအားနည်းတယ်ဆို တာကတော့ အဓိကတိုင်တာများ ပါတယ်။ နောက်ပြီး ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာကို မကျေနပ်လို့တိုင်တာလည်းရှိပါတယ်’’ဟု ၎င်းကပြောသည်။
တိုင်ကြားစာဌာနစတင် ဖွင့် လှစ်ခဲ့သည့် ယခုနှစ်ဖေဖော်ဝါရီ ကစတင်ကာ တိုင်ကြားလာသော တိုင်စာများကို စိစစ်ပြီးပါတီဗဟို ကို တင်ပြထားသည့်စာမှာ ၄၀ ကျော်ရှိနေ၍  တိုင်စာများ၏ သုံးပုံနှစ်ပုံကျော်ကို ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း ဦးမျိုးညွန့်ထံမှသိရသည်။
ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများ နှင့်ဆက်ဆံဆောင်ရွက်ရာတွင် အဆင်မပြေမှုများရှိပါက တိုင် ကြားနိုင်ရန် ပါတီ၏ တိုင်ကြားစာ ဌာနကို ဖွင့်လှစ်ထားပြီး ယင်းဌာန ကို ပါတီအရန်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာမျိုး ညွန့်အား တာဝန်ပေးထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က သတင်းမီဒီယာများအားပြောကြားထားသည်။
‘‘လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ပတ်သက်လို့ တိုင်ကြားတာ တွေ၊ မကျေနပ်တာတွေကို အ ကုန်စိစစ်ပြီးတော့ ပါတီစည်းကမ်းဆို ပါတီစည်းကမ်းနဲ့လုပ် မယ်။ ဥပဒေကြောင်းဆို ဥပဒေ ကြောင်းနဲ့လုပ်မယ်။ ရဲဘော်ရဲ ဘက်စိတ်နဲ့ ဖျောင်းဖျပြင်ဆင်လို့ ရရင် ပြင်ဆင်ပေးမယ်။ ပြင်ဆင် လို့မရဘူးဆိုမှ အရေးယူတဲ့အ ဆင့်ကို လုပ်မယ်။ ယတိပြတ် တော့ မလုပ်ပါဘူး’’ဟု ဦးဝင်းထိန် ကပြီးခဲ့သည့် မတ်လဆန်းက ပြောကြားထားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment