5.10.16

ငြိမ်းချမ်းရေး၊ စီးပွားရေးပိတ်ဆို့မှုများနှင့်စပ်လျဉ်း၍ ကန်ဒုဗိုလ်ချုပ်ကြီးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေး


မြန်မာ့ငြိမ်းချမ်းရေးဖြစ် စဉ်၊ စီးပွားရေးအရေးယူပိတ်ဆို့မှု ရုပ်သိမ်းသည့်အခြေအနေ၊ မြန်မာ-အမေရိကန် စစ်တပ်ချင်း ဆက် ဆံရေးအနေအထား စသည်တို့ကို အမေရိကန်ပြည်ထောင်စု ပစိ ဖိတ်ဒေသ စစ်ဌာနချုပ်၏ ဒုစစ် ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး အန်တိုနီ ခရပ်ခ်ျဖီးလ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အောက် တိုဘာ ၃ ရက်က တွေ့ဆုံဆွေး နွေးခဲ့ကြသည်။

မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန်၏ ပစိဖိတ်ဒေသ စစ်ဌာနချုပ် ဒုစစ်ဦးစီးချုပ်သည် စတင်ရောက်ရှိသည့်နေ့၌ပင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၌ တိုင်း ရင်းသားလက်နက်ကိုင် တပ် ပေါင်းစုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက် ဒရယ်ကောင်စီ (UNFC) ဒုဥက္ကဋ္ဌ နိုင်ဟံသာဦးဆောင်သောအဖွဲ့၊ တိုင်းရင်းသားလူမျိုးရေးရာစင် တာ (ENAC)မှ နည်းပညာအ ထောက်အကူပြုအဖွဲ့ဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြသည်။

‘‘လက်ရှိအခြေအနေတွေကို သူတို့မေးတယ်။ နောက်ပြီးတော့ ဒေါ်စု အမေရိကန်ကို ရောက်သွား ပြီးတဲ့နောက် ဆန်ရှင်ကိစ္စကို တချို့ဟာကို သူတို့က ဖျက်သိမ်း ခဲ့တယ်ဆိုတဲ့အကြောင်းလည်း ရှင်းပြတယ်။ ရှင်းပြတဲ့အထဲမှာက တော့ လက်နက်ကိစ္စပေါ့နော်။ လက်နက်ရောင်းဝယ်မှုကိုတော့ သူတို့ ဆက်လက်ပိတ်ပင်ထားဆဲ ပဲတဲ့။ နောက်တချို့ပုဂ္ဂိုလ်တွေအ ပေါ်မှာ သူတို့ပိတ်ပင်မှုကိုလည်း သူတို့ မရုပ်သိမ်းပါဘူးတဲ့။ တစ် ဖက်က စစ်ရေးဘက်မှာ ပူးပေါင်း လုပ်ဆောင်တဲ့အပိုင်းမှာကတော့ မြန်မာ့တပ်မတော်ကို ဒီမိုကရေ စီစနစ်ကို လက်ခံဖို့နဲ့ လူ့အခွင့်အ ရေးကို နားလည်လက်ခံလာဖို့ အဲ ဒါတွေ သူတို့က ပညာပေးညှိနှိုင်း သွားမယ်ဆိုတဲ့အကြောင်း သူတို့ ပြောတယ်’’ဟု UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

ဆက်လက်ပြီး ၎င်းက ‘‘ကျွန် တော်တို့ဘက်ကတော့ ကျွန်တော်တို့လိုလားတဲ့ပုံစံတွေကို ပြောပြ တယ်။ လက်ရှိနိုင်ငံရေးကို နိုင်ငံ ရေးအရ ဖြေရှင်းဖို့ဆိုတဲ့နေရာမှာ တပ်မတော်ဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကိုပဲ ဖက်တွယ်ထား တယ်ဆိုတဲ့အကြောင်း ပြောပြ တာပေါ့’’ဟု ပြောသည်။

အမေရိကန် ဒုဗိုလ်ချုပ်ကြီး အန်တိုနီခရပ်ခ်ျဖီးလ်သည် မြန်မာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်း ရင်းသားခေါင်းဆောင်များ၊ မြန်မာလူငယ်များနှင့်တွေ့ဆုံရန် အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်နေ ကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၃ အောက်တိုဘာက ပထမအကြိမ် အမေရိကန်-မြန်မာနှစ်နိုင်ငံ စစ်ဗိုလ်ချုပ်ကြီး များ နေပြည်တော်တွင် တွေ့ဆုံမှု ၌ ကန်ဒုဗိုလ်ချုပ်ကြီး အန်တိုနီ ခရပ်ခ်ျဖီးလ်က နိုင်ငံတော်ကာ ကွယ်ရေးတက္ကသိုလ်တွင် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းသည် ၂၀၁၅ ဇန်နဝါရီတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော လူ့ အခွင့်အရေးဆိုင်ရာ အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment