5.10.16

ရက်ပိုင်းအတွင်း အတက်ဘက်ရောက်နေခဲ့တဲ့ ရေနံဈေး အနည်းငယ်ပြန်ကျ

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အိုပက်ဦးဆောင်တဲ့ အဖွဲ့က ထုတ်လုပ်မှုလျှော့ချဖို့ သဘောတူခဲ့တာကြောင့် ရေနံဈေးနှုန်းပိုင်းမှာ အတက်ဘက်ကိုရောက်နေခဲ့တယ်ဆိုသော်ငြားလည်း အီရန်ရဲ့ ရေနံတင်ပို့မှုမြင့်တက်နေခဲ့ပြန်တာကြောင့်လည်း ယနေ့ အောက်တိုဘာ ၄ ရက်အရောက်မှာတော့ရေနံဈေးအနည်းငယ် ပြန်ကျသွားခဲ့ပါတယ်။

Brent Crude ရေနံကုန်သွယ်မှုမှာတော့ ယင်းနေ့အစောပိုင်းမှာ တစ်စည်ကိုဒေါ်လာ ၅၀ ဒသမ ၇၉ နဲ့ ယခင်နေ့ကထက် ၁၀ ဆင့် ပြန်ကျသွားခဲ့ပါတယ်။

အလားတူ အမေရိကန်ရဲ့ WTI ရေနံဈေးနှုန်းဟာလည်း တစ်စည်ကိုဒေါ်လာ ၄၈ ဒသမ ၆၆ နဲ့ ယခင်နေ့ကထက် ၁၆ ဆင့် ပြန်ကျသွားခဲ့ပါတယ်။

လက်ရှိ အိုပက်အဖွဲ့ရဲ့ သဘောတူညီမှု ရှိလင့်ကစား အီရန်ရဲ့ ထုတ်လုပ်တင်ပို့မှုပိုင်း ဆက်လက်မြင့်တက်နေတာက ရေနံဈေးနှုန်းပိုင်းကိုအတက်ဘက်ရောက်မလာအောင်ထိန်းထားသလိုဖြစ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

လက်ရှိ အီရန်ရဲ့ ထုတ်လုပ်မှုကတော့ တစ်နေ့ကို ဒေါ်လာ ၂ ဒသမ ၈ သန်းခန့် ထိ ရောက်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ယင်းနှုန်းထားဟာဆိုရင် ယခင် အရေးယူပိတ်ဆို့မှု ကာလမတိုင်ခင်က ရောက်ခဲ့တဲ့အမြင့်ဆုံးနှုန်းထားနား နီးကပ်နေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုဆိုရင် အိုပက်အဖွဲ့အပြင် ပြင်ပက ရုရှလိုမျိုးရေနံအဓိကထုတ်လုပ်တင်ပို့သူနိုင်ငံတွေအကြား သဘောတူညီမှုတွေထပ်မံရှာဖွေနိုင်မယ့်အရေးကို ဆက်လက်ပြီး အကောင်းမြင်ထားဆဲဖြစ်ပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment