25.1.17

အလိုအလျောက် ပျံသန်းသွားလာနိုင်မယ့် အငှားလေယာဉ်ငယ် တွေကို ယခုနှစ်ကုန်စစမ်းဖို့ Airbus စီစဉ်

Image may contain: sky and airplane

မောင်းသူမဲ့ ကားပျံတွေဟာ ယနေ့ခေတ် နည်းပညာလောကမှာ ဆက်လက်အရေးပါတဲ့နေရာကနေ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ယင်းတို့ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ Airbus စီအီးအိုကလည်း မကြာခင် စတင်စမ်းသပ်နိုင်မယ်လို့ ယုံကြည်နေလျက်ရှိနေပါတယ်။

" ဒီ ကုန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာတော့ မြို့ပြသယ်ယူပို့ဆောင်ရေးဆိုတာက မြေပြင်ပေါ်မှာ ရှိနေခဲ့တာလေ၊ ခုဆိုရင်တော့ ဒါတွေကို ဝေဟင်ထက်မှာ တွေ့ရနိုင်မယ့် နည်းပညာတွေ ကျွန်တော်တို့မှာ ရှိနေပါပြီ" လို့ Airbus ရဲ့ စီအီးအို Tom Endersက ပြောပါတယ်။

ဇန်န၀ါရီ ၂၃ ရက်က မြူးနစ်မြို့က DLD နည်းပညာကွန်းဖရင့်မှာEnders က အထက်ပါအတိုင်း ပြောဆိုသွားတာဖြစ်ပြီး ယခုနှစ် ၂၀၁၇ နှစ်ကုန်မှာတော့ ယင်းအလိုအလျောက်စနစ်သုံးကားပျံတစ်စီးကို စတင်စမ်းသပ်ပျံသန်းမယ်လို့ ပြောသွားပါတယ်။

" ခုလောလောဆယ်တော့ ကျွန်တော်တို့စမ်းသပ်ဆဲအဆင့်မှာပဲရှိနေပါသေးတယ်၊ ဒီ့အပေါ်မှာလည်း ကျွန်တော်တို့ အထူးအလေးထားလုပ်နေပါတယ်" လို့ ၎င်းက ပြောပါတယ်။

Airbus အနေနဲ့ကတော့ ယင်းရဲ့ မောင်းသူမဲ့ကားပျံ စီမံကိန်းကိုပြီးခဲ့တဲ့ ၂၀၁၆ စက်တင်ဘာက စတင်ထုတ်ဖော်ကြေညခဲ့တာဖြစ်ပြီးတော့ ယင်းစီမံကိန်းကို " Project Vahana" လို့ ခေါ်ဝေါ်သုံးနှုန်းထားပါတယ်။

ယင်း စီမံကိန်းမှာတော့ ဟယ်လီကော်ပတာလိုပဲ မြေပြင်ကနေ အတက်အဆင်း ပြုလုပ်လို့ရမယ့် ယာဉ်ငယ်လေးတွေပါဝင်နေတာဖြစ်ပါတယ်။

" ကျွန်တော်တို့ တည်ဆောက်နေတဲ့ လေယာဉ်ငယ်လေးတွေအတွက် ပြေးလမ်းရှိစရာ မလိုပါဘူး၊ နောက်ပြီး သူ့ဘာသာ
အလိုအလျောက် ပျံသန်းနိုင်အောင်လုပ်နေပါတယ်၊ အဲဒီလိုပဲပျံရင်းသန်းရင်းနဲ့ပဲ သူ့လမ်းမှာတွေ့လာမယ့် အတားအဆီးတွေ၊ တစ်ခြားယာဉ်တွေကို အလိုအလျောက် ရှောင်နိုင်ပါလိမ့်မယ်" လို့ Airbus ရဲ့ အဆင့်မြင့်စီမံကိန်းဖော်ဆောင်ရေးအုပ်စုက စီအီးအို Rodin Lyasoff က ပြောပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment