25.1.17

ကုန်သွယ်မှုဝါဒတွေကြောင့် ချောင်ပိတ်မိနေတဲ့ Nike နဲ့ Ford လို ကုမ္ပဏီတွေအနာဂတ် အတွက် စဉ်းစားနေကြရ

No automatic alt text available.
အမေရိကန်ရဲ့ ကုန်သွယ်မှုမူဝါဒပိုင်းမှာ အလုံးစုံ ပြောင်းလဲဖို့ရှေ့တိုးလုပ်ဆောင်လာနေတဲ့အချိန်မှာ နိုင်ငံတွင်းက ဖိနပ်ထုတ်လုပ်သူ ကုမ္ပဏီတွေ၊ မော်တော်ကားထုတ်လုပ်သူတွေနဲ့ လက်လီအင်အားစုတွေအနေနဲ့ ၎င်းတို့ရဲ့ နိုင်ငံတကာလုပ်ငန်းလည်ပတ်နေမှုတွေကို ပြန်လည်သုံးသပ်ရဖို့ ကြုံနေရပြီဖြစ်ပါတယ်။

မဲဆွယ်ကတိတွေအတိုင်း ယခုအခါ TPP စာချုပ်ကနေ ထွက်ဖို့ပထမဆုံးအနေနဲ့ လက်မှတ်ထိုးလိုက်ပြီဖြစ်တာကြောင့် အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ယင်းတို့ရဲ့ နိုင်ငံတကာလုပ်ငန်းပိုင်းတွေ၊ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေနဲ့ပတ်သက်လို့ ပြန်လည်စဉ်းစားသုံးသပ်ရတော့မှာလည်း ဖြစ်ပါတယ်။

ထရမ့်အနေနဲ့ ပြည်တွင်းမှာ ကုန်ထုတ်လုပ်အားကို တိုးမြင့်သွားဖို့နဲ့ အလုပ်အကိုင်တွေ ဖန်တီးဖို့အားသန်နေခဲ့တဲ့အချိန်မှာ နိုင်ငံတကာမှထွက်ပြီး ထုတ်လုပ်မှုလုပ်ငန်းတွေလုပ်နေပြီး ပြည်တွင်းကိုပြန်လည်တင်သွင်းနေတဲ့ Nike Inc နဲ့ Ford Motor Co တို့လိုလုပ်ငန်းတွေအတွက် ပိုမိုအခက်ကြုံလာနေရတာလည်း ဖြစ်ပါတယ်။

ထရမ့်ရဲ့ "America First" ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒတွေကနေတဆင့် ကုမ္ပဏီတွေအပေါ် ထိခိုက်လာနိုင်တဲ့ အခွန်အကောက်၊ ကုန်ကျစရိတ်အကျိုးဆက်တွေနဲ့ပတ်သက်လို့ မေးခွန်းတွေအများကြီး ရှိလာနိုင်တယ်လို့ သိရပါတယ်။

ယခုအချိန်မှာလည်း TPP စာချုပ်က ထွက်လိုက်တဲ့အတွက်ယင်းရဲ့အကျိုးဆက်တွေကနေတဆင့် ထိခိုက်လာဖို့ရှိနေတာကတော့Nike လိုမျိုး ဖိနပ်ထုတ်ကုမ္ပဏီတွေဖြစ်တယ်လို့ သိရပါတယ်။ကမ္ဘာ့အကြီးဆုံး ဖိနပ်ထုတ်လုပ်သူ အနေနဲ့ TPP အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ဗီယက်နမ်ဆီကနေ ယင်းရဲ့ဖိနပ် ထုတ်လုပ်မှု ၄၀ ရာခိုင်နှုန်းလောက်ကို သွားရောက်ထုတ်လုပ်နေခဲ့တလည်း ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ အာရှဒေသမှာ ရင်းနှီးမြှုပ်နှံမှုတွေ များများလုပ်ထားတဲ့ ကုမ္ပဏီတွေအနေနဲ့ ထရမ့်ကြောင့် ယင်းတို့ရဲ့
မဟာဗျူဟာတွေနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ရတော့မှာဖြစ်တယ်လို့ Bloomberg Intelligence က စီးပွားရေး ပညာရှင်Fielding Chen က ပြောသွားပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment