18.1.17

စွမ်းရည်အရည်အသွေး ယှဉ်ပြိုင်နိုင်မှုစွမ်းနဲ့ပတ်သက်လို့ အာရှ-ပစိဖိတ်ဒေသမှာ စင်ကာပူ ထိပ်ဆုံးမှာ ရပ်တည်

Image may contain: skyscraper, sky and outdoor
စွမ်းရည် အရည်အသွေး ယှဉ်ပြိုင်နိုင်စွမ်းနဲ့ပတ်သက်လို့ ကမ္ဘာတစ်ဝန်းလုံး အညွန်းကိန်းမှာတော့ စင်ကာပူနိုင်ငံဟာအာရှ-ပစိဖိတ်ဒေသမှာ အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ယင်းနိုင်ငံမဟာ ကမ္ဘာပေါ်က စွမ်းရည်ယှဉ်ပြိုင်နိုင်စွမ်း အကောင်းဆုံး နိုင်ငံ ၁၀၀ စာရင်းမှာလည်း အဆင့်နှစ်နေရာမှာ ရပ်တည်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ယမန်နှစ်အတွက် ထုတ်ပြန်တဲ့ ယင်းအညွန်းကိန်းမှာတော့ ကမ္ဘာတစ်ဝန်း အတိုင်းအတာနဲ့ ဆွစ်ဇာလန်ကထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ယင်း ကမ္ဘာတစ်ဝန်း အဆင့်သတ်မှတ်ချက်မှာတော့ ဗြိတိန်က တတိယနဲ့ အမေရိကန်က နံပါတ်လေးနေရာတွေမှာ အသီးသီး ရပ်တည်နိုင်ခဲ့ကြပါတယ်။

အဆိုပါ နိုင်ငံတွေအားလုံးမှာတော့ တူညီတဲ့ အချက်တွေလည်းရှိခဲ့ကြပြီး ယင်းတို့ထဲမှာတော့ နိုင်ငံစီးပွားရေးရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မယ့် ပညာရေးစနစ်တွေ၊ ပြုသာပြင်သာလွယ်မှု၊ရွှေ့ပြောင်းလွယ်မှုနဲ့ စွန့်ဦးလုပ်ငန်းရှင်ဖြစ်နိုင်မှုပိုင်းကို တွန်းအားပေးစေနိုင်တဲ့ အလုပ်အကိုင်မူဝါဒတွေ ထားရှိမှု၊ စီးပွားရေးနဲ့ အစိုးရပိုင်းမှာ ပါဝင်ပတ်သက်နေသူတွေအကြား ဆက်သွယ်မှုအားကောင်းမှုတို့တွေမှာ တူညီနေကြတာကိုတွေ့ရပါတယ်။

ယခုလို စွမ်းရည် ပြိုင်ဆိုင်နိုင်မှု အညွန်းကိန်းမှာတော့ နိုင်ငံတွေအနေနဲ့စွမ်းရည်အရည်အသွေးတွေကို ဘယ်လိုမျိုး ဖွံ့ဖြိုးစေနိုင်သလဲ၊ ဆွဲဆောင်ဖိတ်ခေါ်နိုင်သလဲ နဲ့ ရယူနိုင်သလဲဆိုတာတွေအပေါ်မူတည်တွက်ချက်တာလည်း ဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment