8.2.17

MICA ဖျက်သိမ်းရန်အဆို အမျိုးသားလွှတ်တော် အတည်ပြု

နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးပြုမှု မရှိဘဲ လူတစ်စုက လက်ဝါးကြီး အုပ်ခြယ်လှယ်လုပ်ကိုင်ခဲ့သော မြန်မာအပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီ (MICA) ဖျက်သိမ်းပေးရန် အဆို ကို ဖေဖော်ဝါရီ ၇ ရက်ကကျင်းပ သည့် အမျိုးသားလွှတ်တော် အ စည်းအဝေးတွင် အတည်ပြုခဲ့ သည်။

MICA (Myanmar Inter- national Cooperation Agency) ဖျက်သိမ်းပေးရေးအဆိုကို ဖေ ဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်တို့တွင် ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ထောက်ခံဆွေးနွေးပြီး နောက် လွှတ်တော်၏ အဆုံးအ ဖြတ် ရယူရန် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများ၍ ယင်းအဆိုကို အတည်ပြုခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၆ ရက်က အမျိုးသားလွှတ်တော်တွင် ဆန္ဒမဲ ပေးခွင့်ရှိသည့် လွှတ်တော်ကိုယ် စားလှယ် ၁၉၇ ဦးအနက် ၁၄၀ ဦး က ထောက်ခံမဲပေးခဲ့ပြီး ၅၀ ဦးက ကန့်ကွက်မဲပေးကာ ကြားနေမဲ မရှိဘဲ ဆန္ဒမဲအရေအတွက် စုစု ပေါင်း ၁၉၀ ရှိခဲ့သည်။

အစိုးရသစ်လက်ထက်တွင် MICA ၏ ရည်ရွယ်ချက်နှင့် လုပ် နည်းစနစ်အပေါ် ပြန်လည်သုံး သပ်ခဲ့ပြီး လုပ်ငန်း၏ စွမ်းဆောင် ရည်နှင့် ဥပဒေလုပ်ထုံးလုပ်နည်း ပိုင်း အားနည်းချက်များရှိ၍ ယင်း အဖွဲ့ဖျက်သိမ်းရန် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦး လှကျော်က လွှတ်တော်သို့ပြော ကြားသည်။

‘‘သမ္မတရုံးက (MICA ဖျက် သိမ်းရန်) မူအားဖြင့် သဘောတူ ထားတယ်။ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆက်လက်ဆောင်ရွက်သွား မယ်’’ဟုဒုဝန်ကြီးက 7Day Daily သတင်းစာအားပြောကြားသည်။

အမျိုးသား လွှတ်တော်က MICA ဖျက်သိမ်းပေးရေးအဆိုကို အတည်ပြုခဲ့သဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ယင်းအဆို ကို မဖြစ်မနေအကောင်အထည် ဖော်လုပ်ဆောင်ပေးရန် တာဝန်ရှိ နေ၍ MICA ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး အစိုးရ၏လုပ်ဆောင် ချက်ကို စောင့်ကြည့်နေမည်ဟု အဆိုတင်သွင်းသူ ဒေါက်တာ အားကာမိုးက သတင်းထောက် များအား ပြောသည်။

‘‘လတ်တလော MICA ရဲ့ လုပ်ငန်းတွေက ထပ်ဆင့်ထပ် ဆင့် ပြောင်းလဲသွားပြီးတော့ ရှုပ် ထွေးတယ်။ ပိုင်ဆိုင်မှုရော အ ကျိုးအမြတ် ခွဲဝေရရှိမှုတွေကြာ လေလေ ပိုပြီးတော့ ရှုပ်ထွေးလာ မှာဖြစ်တဲ့အတွက်ကြောင့် ဖြစ်နိုင် ရင်တော့ အမြန်ဆုံးအရေးယူ ဆောင်ရွက်နိုင်ရင် အကောင်းဆုံး ပေါ့။ ပြည်သူလည်း အမြန်ဆုံး အကျိုးခံစားခွင့်ရမှာဖြစ်သလိုမွေး မြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍကို လည်း အမြန်ဆုံးပြန်ပြီးတော့ ဦး မော့လာအောင် လုပ်နိုင်မှာဖြစ် တယ်’’ဟု ကရင်ပြည်နယ် မဲဆန္ဒ နယ်အမှတ်(၇) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ အားကာမိုးကဆိုသည်။

MICA အနေဖြင့် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနပိုင်ခြံစက် ရုံပေါင်း ၄၈ ခု၊ အုတ်စက်ရုံနှင့် တညင်းကုန်းမြေဧရိယာ ၆၄ ဒ သမ ၅၄ ဧက၊ ငါးလုပ်ငန်းဦးစီး ဌာနပိုင်လုပ်ငန်း ၁၇ ခုအပြင် အင်းစိန်မွေးမြူရေးနှင့်ကုသရေး ဦီးစီးဌာနပိုင်မြေ ၁၃၄ ဒသမ ၇၃၈ ဧကထဲမှ အနုပညာဗဟိုဌာနသို့ ၈၁ ဒသမ ၄၁ ဧကအပ်နှံပြီး မွေး မြူရေးနှင့်ဆေးကုသရေး တက္က သိုလ် ၃၁ ဒသမ ၃၂ ဧက ချန် လှပ်၍ ကျန်မြေအားလုံးကို လွှဲ ပြောင်းရယူခဲ့သည်ဟု အဆို တင်သွင်းသူဒေါက်တာအားကာ မိုးက ၎င်း၏အဆိုတွင်ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် ဒေါက်တာအား ကာမိုးက နိုင်ငံတော်၏ သားငါး ကဏ္ဍ တိုးတက်ရေးနှင့် စားနပ် ရိက္ခာဖူလုံရန် ရည်ရွယ်ဖွဲ့စည်း သည့် MICAကလွှဲပြောင်းရယူထား သော မွေးမြူရေးနှင့် သားငါး ကဏ္ဍ လုပ်ငန်းများသည်မူလရည် ရွယ်ချက်နှင့်လွဲချော်သွားသည့် လုပ်ငန်းများ လုပ်ဆောင်နေခြင်း ကိုတွေ့ရသည်ဟု အဆိုတင် သွင်းစဉ်က ထည့်သွင်းပြောကြား ထားသည်။

အဆိုရှင်၏ ပြောကြားချက် များကိုထောက်ခံဆွေးနွေးသူအချို့ ကပြန်လည်ကိုးကားခဲ့ပြီး အားလုံး က အဆိုရှင်၏ သဘောထားအ တိုင်းMICA ကို ဖျက်သိမ်းသင့် ကြောင်း ထောက်ခံဆွေးနွေးခဲ့ သည်။

MICA ဖျက်သိမ်းမည့်ကာလ ကို ပြောကြားနိုင်သေးခြင်းမရှိဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးက သတင်းထောက်များအား ပြော ကြားပြီး MICA ဖျက်သိမ်းခြင်း၊ ခြံ၊ စက်ရုံ၊ မြေယာများကို သက် ဆိုင်ရာဦးစီးဌာနသို့ ပြန်လည်လွှဲ ပြောင်းခြင်းတို့ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်လုပ် ဆောင်မည်ဟု ဒုဝန်ကြီးက လွှတ် တော်သို့တင်ပြသည်။

MICA ဖျက်သိမ်းရေးအဆို ကိုလွှတ်တော်တွင် အတည်ပြု သည့် ဖေဖော်ဝါ၇ီ ၇ ရက်၌ အမျိုးသားလွှတ်တော်၌ ခွင့်ယူ ထားသော ကိုယ်စားလှယ် စုစု ပေါင်း ၂၄ ဦးရှိပြီး MICA ကို ယခင် အစိုးရလက်ထက်က ဖွဲ့ စည်းစဉ်တွင်ပါဝင်ခဲ့သော သမ္မတ​ရုံးဝန်ကြီးဟောင်း လက်ရှိ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းလည်း ခွင့်ယူခဲ့သည်။

ဦးစိုးသိန်းသည် MICA ဖျက် သိမ်းရေးအဆို တင်သွင်းသည့် ၂၀၁၆ ဒီဇင်ဘာ ၁၄ ရက်၊ စတင် ဆွေးနွေးသည့် ဖေဖော်ဝါရီ ၆ ရက်နှင့် ဆက်လက်ဆွေးနွေးပြီး အဆိုကို အတည်ပြုသည့် ဖေ ဖော်ဝါရီ ၇ ရက်တို့တွင် လွှတ် တော်မှ ခွင့်ယူခဲ့သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment