8.2.17

နိုင်ငံရပ်ခြားမှလာရောက်အခြေချသူတွေအတွက်လမ်းဖွင့်ထားမှသာ ဗြိတိန်ကို ကမ္ဘာ့ထိပ်တန်းစီးပွားရေးနိုင်ငံ ဆယ်ခုထဲ ဆက်ရှိနိုင်မည်

No automatic alt text available.
လာမယ့် ၂၀၅၀ မတိုင်ခင် ကမ္ဘာ့စီးပွားရေးက အရွယ်အစားအားဖြင့်ယခုထက် နှစ်ဆ ပိုကြီးသွားဖို့ ရှိနေချိန် ဗြိတိန်တို့အနေနဲ့ကတော့အောင်မြင်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖော်ဆောင်နိုင်ရမှာဖြစ်သလို လူဝင်မှုကြီးကြပ်ရေးပိုင်း လမ်းဖွင့်ပေးထားရမှာဖြစ်ပြီတော့ယင်းမှသာ ကမ္ဘာ့ထိပ်တန်းဆယ်နိုင်ငံထဲ ဆက်ပါနေနိုင်မှာဖြစ်တယ်လို့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့အကောင်းဆုံး စီးပွားရေး နိုင်ငံတွေစာရင်းမှာတော့ ဗြိတိန်တို့အနေနဲ့ ၀ယ်အားညှိခြင်းဆိုတဲ့ Purchasing power parityပိုင်းမှာတော့ အဆင့်တစ်ဆင့် လျော့ကျသွားတယ်လို့ လန်ဒန်အခြေစိုက် ၀န်ဆောင်မှုလုပ်ငန်းကြီးဖြစ်တဲ့ PwC က ဆိုပါတယ်။

အလားတူ ကမ္ဘာတစ်ဝန်းက အရည်အသွေးရှိသူတွေကို နိုင်ငံတွင်း ၀င်ခွင့် ကန့်သတ်ပိတ်ပင်ထားမှုတွေ ရှိနေမယ်ဆိုရင် နိုင်ငံရဲ့ တိုးတက်မှုကို ကန့်သတ်မှုတွေရှိနေမယ်လို့ အစီရင်ခံစာထုတ်ပြန်ရေးသားသူတွေက အလေးပေး ပြောကြားသွားပါတယ်။

အီးယူကနေ နှုတ်ထွက်ဖို့ မဲဆွယ်ကမ်းပိန်းလုပ်ခဲ့ရာမှာတော့လူဝင်မှုကြီးကြပ်ရေးအပေါ် ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ဖို့က အဓိကအချက်အဖြစ် ပါဝင်ခဲ့တာဖြစ်ပေမယ့် ယခုလို အီးယူကနေ အမှန်တကယ် နှုတ်ထွက်ပြီးချိန်မှာတော့ ယင်းလိုမျိုး လူဝင်မှုအပေါ် တင်းကျပ်စွာ ကန့်သတ်မှုတွေကြောင့် နိုင်ငံစီးပွားရေး တိုးတက်နိုင်မှုအပေါ် ထိခိုက်သွားစေနိုင်တယ်လို့ စီးပွားရေးပညာရှင်တစ်ချို့ကပြောကြားပါတယ်။

" ခုချိန်မှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ သက်သက်ပဲ ပြောရမှာမဟုတ်ပါဘူး၊ အရည်အသွေးပြည့် လူတွေကို ဒီနိုင်ငံထဲ ၀င်ခွင့်ဖွင့်ပေးထားဖို့လိုတယ်ဆိုတဲ့အကြောင်းကိုလဲ ထည့်ပြောရမှာပါ" လို့PwC ရဲ့ စီးပွားရေးပညာရှင် John Hawksworth ကပြောသွားပါတယ်။ယင်းနိုင်ငံရဲ့ စီးပွားရေးတိုးတက်နိုင်မှု အလားအလာပိုင်းကတော့အီးယူအဖွဲ့နဲ့ ကောင်းမွန်တဲ့ ကုန်သွယ်သဘောတူညီချက်တွေ ရှိမှုအပေါ် မှာပဲ မူတည်နေဦးဖြစ်တယ်လို့လည်း သိရပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment