8.2.17

၁၀ လအတွင်း ဆောင်ရွက်ခဲ့သည့် စီမံကိန်းများကို ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းနှင့်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးများ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့တို့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများနှင့်ဖေဖော် ဝါရီ ၇ ရက်တွင် နိုင်ငံတော်သမ္မ တအိမ်တော်အစည်းဝေးခန်းမ၌ တွေ့ဆုံကာ ၁၀လအတွင်း ဆောငရွက်ခဲ့သည့် စီမံကိန်းများ အခြေ အနေကို ဆွေးနွေးခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုင်းဒေသကြီးနှင့်ပြည် နယ်အလိုက် စီမံကိန်းများဆောင် ရွက်နေမှု၊ ပြီးစီးမှု၊ တွေ့ကြုံရ သည့် အခက်အခဲများနှင့် ပြည် ထောင်စုအစိုးရက ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ် များရှိပါက ပွင့်ပွင့်လင်းလင်းတင် ပြစေလိုကြောင်းပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့တို့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများက တိုင်း ဒေသကြီးနှင့်ပြည်နယ်အလိုက် ပြီး ခဲ့သည့် ဆယ်လတာအတွင်း ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိ မှုအခြေအနေများနှင့် လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရ သည့် စိန်ခေါ်မှုနှင့်အခက်အခဲ များ၊ ပြည်ထောင်စုအစိုးရနှင့် ပူး ပေါင်းဆောင်ရွက်မည့် အခြေအ နေများကို ရှင်းလင်းတင်ပြခဲ့ သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွှတ်တော် ၏ကတိကဝတ်များကို ထည့်သွင်း စဉ်းစားဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ကို ဆောင်ရွက်လုပ်ကိုင်နေခြင်း သည် ပါတီတစ်ခုအတွက်၊ အဖွဲ့ အစည်းတစ်ခုအတွက် မဟုတ်ပါ ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ပါတီတစ်ခုအတွက်၊ အဖွဲ့ အစည်းတစ်ခုအတွက် လုပ် ဆောင်နေခြင်းမဟုတ်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ပြုလုပ်သော ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေး ၌လည်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ နေပြည်တော် ကောင်စီဝင်၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာ ဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေး တိုင်း၊ ပဲခူးတိုင်းနှင့်တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ရှိ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ နှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment