8.2.17

ထရမ့်ရဲ့အထူးပိတ်ပင်မိန့်ကို Microsoft ၊ Google ၊ Facebook တို့အပါအ၀င် ကုမ္ပဏီ ၉၇ ခု တရားစွဲဆို Seattletimes

No automatic alt text available.
ကမ္ဘာ့နာမည်ကြီး ဦးဆောင်ကုမ္ပဏီကြီးတွေအပါအ၀င် အမေရိကန်နည်းပညာကုမ္ပဏီ ၉၇ ခုကတာဝန်ရှိသူတွေအနေနဲ့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ခရီးသွားပိတ်ပင်မိန့်အပေါ်ဆန့်ကျင်ကာဥပဒေကြောင်းနဲ့ တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ထောက်ခံလက်မှတ်ထိုးသွားခဲ့ကြတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

မွတ်ဆလင် ခုနစ်နိုင်ငံက ခရီးသွားတွေကို နိုင်ငံတွင်းဝင်ခွင့်ပိတ်ပင်တဲ့ အမိန့်ကို သမ္မတက ထရမ့်က လက်မှတ်ထိုးထုတ်ပြန်ခဲ့ပြီး ယင်းကိုကန့်ကွက်ကြောင်း ၀ါရှင်တန်ပြည်နယ်က တရားရင်ဆိုင်ရာမှာတော့ အဆိုပါ နည်းပညာကုမ္ပဏီကြီးတွေက ၀ိုင်းဝန်းထောက်ခံသွားခဲ့ကြတာလည်း ဖြစ်ပါတယ်။ ယင်းကုမ္ပဏီတွေထဲမှာတော့ Microsoft ၊Apple ၊ Google နဲ့ Facebook တို့လို နာမည်ကြီး ကုမ္ပဏီတွေ ပါဝင်နေတာလည်း ဖြစ်ပါတယ်။

သမ္မတဒေါ်နယ်ထရမ့် လက်မှတ်ထိုးထုတ်ပြန်ထားတဲ့ အမိန့်ဟာတကယ်တမ်းကျတော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို ချိုးဖောက်ထားကြောင်း၊ ဖွဲ့စည်းပုံ ဥပဒေနဲ့ မညီကြောင်း၊ အမေရိကန်စီးပွားရေးလုပ်ငန်းတွေပေါ် ထိခိုက်စေကြောင်း၊ တီထွင်ဆန်းသစ်မှုနဲ့ တိုးတက်မှုပိုင်းတွေအပေါ်မှာ ထိခိုက်နိုင်ကြောင်းနည်းပညာကုမ္ပဏီတွေက ထုတ်ပြန်ပြောကြားသွားကြပါတယ်။

ဒေါ်နယ်ထရမ့်အနေနဲ့ကတော့ အီရန် ၊ အီရတ်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင် ခုနစ်နိုင်ငံက နိုင်ငံသားတွေအမေရိကန်နိုင်ငံထဲ သုံးလတာဝင်ခွင့်ပိတ်ပင်မယ့် ထုတ်ပြန်ချက်ကိုလက်မှတ်ထိုးထုတ်ပြန်ထားပါတယ်။

ယခုလို အမိန့်ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန်နိုင်ငံသားတွေကို အကြမ်းဖက်မှုအန္တရာယ်ကနေ ကာကွယ်ဖို့ ဖြစ်တယ်လို့အစိုးရက ထုတ်ပြန်ပြောကြားထားပြီး တစ်ဆက်တည်းမှာလဲ နိုင်ငံတွင်းကို ဒုက္ခသည်တွေ ၀င်ရောက်ခွင့်ကိုပါ တစ်ဆက်တည်းပိတ်ပင်ထားခဲ့တာကို တွေ့ရပါတယ်။




Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment