29.7.13

Apple iPad ပညာရေးအတွက် ပူးပေါင်း ဆောင်ရွက်

လာမည့် ၂၀၁၄ ခုနှစ်တွင် လော့စ်အိန်ဂျလိစ်ဒေသ (LAUSD) အတွင်းရှိ ကျောင်းများတွင် Apple ကုမ္ပဏီထုတ် iPad တက်ဘလက် လုံးရေ ၆၄၀,၀၀၀ ကို ကျောင်းသားများ လက်တွင်းသို့ အရောက် ပေးပို့ခြင်းဖြင့် ပညာရေး ဌာနနှင့် ပူးပေါင်း ဆောင်ရွက်ခွင့် ရရှိထားကြောင်း Apple ကုမ္ပဏီက ထုတ်ပြန် ကြေညာခဲ့သည်။


Apple ကုမ္ပဏီနှင့် LAUSD အုပ်ချုပ်ရေး အဖွဲ့တို့သည် ဒေါ်လာ သန်း ၃၀ သဘောတူညီချက်အရ ယခုနှစ်အတွင်း iPad လုံးရေ ၃၁,၀၀၀ ကို ပေးသွင်း ပြီး ဖြစ်ကြောင်း၊ နောက်ထပ် ပေးသွင်းရန် ကျန်သည့် တက်ဘလက်လုံးရေ ၆၀၉,၀၀၀ လုံး အတွက်လည်း ရန်ပုံငွေများ ထပ်မံ လိုအပ်လျက်ရှိကြောင်း LAUSD အဖွဲ့က ပြောကြားသည်။

ကျောင်းများတွင် အသုံးပြုရန် ထုတ်ပေးမည့် iPad တက်ဘလက်များတွင် Pearson ထုတ်ဝေရေးမှ အထူးရေးသား ပြုစုထားသည့် သင်္ချာ၊ ဖတ်စာ၊ အရေးအသား လေ့ကျင့်ခန်းများကို သင်ရိုးညွှန်းတမ်း တစ်ခု အနေနှင့် ထည့်သွင်းပေးလိုက်မည် ဖြစ်ပြီး ဆရာများသည် ကျောင်းသားများနှင့် အတူ လေ့လာ သင်ယူမှုများကို ပြုလုပ်နိုင်မည် ဖြစ်သည်။

Apple ကုမ္ပဏီထုတ် iWork ဆော့ဖ်ဝဲတွင်လည်း Pages နှင့် Keynote, Numbes နှင့် iLife ဆိုသည့် လုပ်ဆောင်နိုင်သော tools များ ပါရှိပြီး ဖျော်ဖြေရေး အနေနှင့်လည်း iMovie, iPhoto နှင့် Garageband ဆိုသော application များကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။

Apple ကုမ္ပဏီထုတ် iPad တက်ဘလက်များကို လော့စ်အိန်ဂျလိစ် ဒေသ တစ်ခုတည်းတွင် အသုံးပြုခြင်း မဟုတ်ဘဲ၊ ၂၀၀၂ ခုနှစ်ကတည်းက Maine ပြည်နယ်အတွင်းရှိ ၇ တန်းနှင့် ၈ တန်း အဆင့် ကျောင်းသားများ ကို ကျောင်းပြင်ပတွင် အသုံးပြုနိုင်ရေးအတွက် MacBook များ ပေးအပ်ခဲ့ပြီး ၈ တန်းနှင့် အထက် ၁၂ တန်း အထိ ကလေးများနှင့် ဆရာများမှာ Mac ကွန်ပျူတာများ ရရှိခဲ့ကြသည်။

၂၀၁၂ ခုနှစ်ကလည်း Long Island ပြည်နယ်တွင် iPad တက်ဘလက် များကို အတန်း နှစ်တန်းတွင် စတင် စမ်းသပ် သုံးခဲ့ရာ နှစ်စဉ် ကျောင်းသုံး ဖတ်စာအုပ်များ ဝယ်ရသည့်အတွက် ကုန်ကျငွေ ဒေါ်လာ ၇,၂၀၀ ခန့် သက်သာGuardianသွားကြောင်း Roslyn ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးမှူး ဒန်ဘရန်နာက ဆိုသည်။

The Voice Weekly

0 comments:

Post a Comment