29.7.13

Nokia Lumia 925

$799

TECH SPECS

Operating System : Windows Phone 8

Processor : 1.5 GHz dual-core, Snapdragon

Display : 4.5-inch AMOLED, 1,280 x 768 pixels

Memory : 1GB RAM, 16GB internal memory

Camera : PureView 8.7 megapixel with optical image stabilization

Battery : 2,000mAh



စမတ်ဖုန်း ဈေးကွက်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့တဲ့ ဖုန်း ဖြစ်ပါတယ်။ HTC One နဲ့ iPhone 5 တွေနဲ့ ယှဉ်ရလောက်အောင် ကောင်းတယ်လို့ Nokia ကတော့ ပြောထားတယ်။ ယခင်ကလို ဒီဇိုင်းရိုးရိုး မဟုတ်တော့ဘူး။ ပိုလီ ကာဗွန်နိတ် ဘော်ဒီအိမ်နဲ့ မဟုတ်တော့ဘဲ အလူမီနီယံအိမ်နဲ့ ဖြစ် လာတယ်။ ကျောဖုံးကိုတော့ ပလတ်စတစ်နဲ့ လုပ်ထားတယ်။

Lumia 920 နဲ့မတူဘဲ Lumia 925 မှာ ဖုန်းကို ကြိုးမဲ့ အားသွင်းနိုင်အောင် စီစဉ်ထားတယ်။ ဖုန်းက ယခင် ၉၂၀ ထက် ပိုပြီးတော့ ခရီးဆောင်နိုင်တဲ့ အရွယ် ဖြစ်လာသလို ပိုပြီးတော့လည်း ပေါ့သွားတယ်။ Smart Camera ဆော့ဖ်ဝဲကို ထည့်ပေးထားတာက ပိုပြီး ကောင်းလာတယ်။ တစ်ချက်နှိပ်ရင် ပုံ ၁၀ ပုံ တောက်လျှောက် ရိုက်သွားနိုင်အောင် စီစဉ်ထား လို့ ရတယ်။ နောက်ကောင်းချက် တစ်ချက်ကလည်း ကိုယ်ရိုက်လိုက်တဲ့ ပုံတွေရဲ့ နောက်ခံကို မှုန်ဝါးသွားအောင် စီစဉ်ထားနိုင်တယ်။ ရိုက်ထားတဲ့ ပုံတွေ ထဲက မလိုအပ်တဲ့ အပိုင်းတွေကိုလည်း ဖုန်းပေါ်မှာပဲ ဖျက်ခိုင်းနိုင် တာတွေ လုပ်နိုင်တယ်။

နေ့ခင်း အလင်းထဲမှာ ရိုက်ဖို့ ကင်မရာမှာ Lens ၆ လုံးကို စီစဉ်ထားတဲ့ အတွက် Lumia 920 က Lens ၅ လုံးထက်တော့ ပိုပြီး အားသာသွားတယ် လို့ ဆိုနိုင်တယ်။ အလင်းအားနည်းတဲ့ ညအချိန်တွေမှာ ပုံတွေကို ရိုက်ရာမှာ လည်း ပိုပြီး ကောင်းလာတယ်။

ဒီဖုန်းကို စင်ကာပူမှာတော့ Maps ဆော့ဖ်ဝဲ ထည့်ရောင်းတယ်။ စင်ကာပူ တစ်နိုင်ငံလုံး အိမ်သာတွေ ရှိတဲ့ နေရာကအစ အဲဒီလမ်းညွှန်ထဲမှာ အလွယ်တကူ ရှာနိုင်တယ်။ ဆူပါမားကက်ဆိုင်ကြီး ၄၈ ဆိုင်ရဲ့ တည်နေရာတွေကိုလည်း ညွှန်းထားတယ်။ ATM ကတ်တွေ သုံးနိုင်တဲ့ နေရာ လမ်းညွှန်တွေလည်း ပါတယ်။

မြင်ကွင်းက AMOLED နည်းပညာကို သုံးထားတဲ့အတွက် အရောင်အသွေး မှာ Lumia 920 ထက် ပိုကောင်းတယ်။ 920 မှာက IPS LCD မြင်ကွင်းကို ထည့်ပေးထားတယ်။ ပတ်ဝန်းကျင်က အပူချိန် အနေအထား အလိုက် မြင်ကွင်းပေါ်က အရောင် အနေအထားတွေ အမျိုးမျိုး ပြောင်းလဲနိုင် စွမ်းရှိတယ်။

ဖုန်းရဲ့ Operating System ကိုလည်း Windows Phone 8 ကို သုံးပေးထား တဲ့အတွက် ဆော့ဖ်ဝဲတွေ သုံးရာမှာ Android OS လောက် ပေါပေါများများ သုံးရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ထည့်ပေးထားတဲ့ ဆော့ဖ်ဝဲတွေကလည်း သိပ်တော့ မနည်းလှပါဘူး။

iPhone နဲ့ Android ဖုန်းတွေကို မသုံးချင်ဘူးဆိုတဲ့ သူတွေအတွက် Windows Phone 8 ကို သုံးနိုင်မှာ ဖြစ်တဲ့အပြင် ပြိုင်ဘက် iPhone နဲ့ Android ဖုန်းတွေရဲ့ အဆင့်ကိုပါ ကောင်းကောင်း ယှဉ်နိုင်တဲ့ဖုန်း ဖြစ် ပါတယ်။

The Voice Weekly

0 comments:

Post a Comment