29.7.13

ပြင်သစ်နိုင်ငံ ကိန်းစ်မြို့တွင် ယူရိုသန်း ၄ဝ တန်ဖိုးရှိ လက်ဝတ် ရတနာ များအား ဓားပြ တိုက်ခံရ

ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ကိန်းစ်မြို့ရှိ ကားလ်တန် ဟိုတယ်တွင် ဇူလိုင် ၂၈ ရက်က ကျင်းပသော လက်ဝတ် ရတနာ ပြပွဲ၌ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဝင်ရောက် ဓားပြတိုက်မှု တစ်ခုဖြစ်ပွား ခဲ့ရာ ယူရိုသန်း ၄ဝ (အမေရိကန် ဒေါ်လာ ၅၃ သန်း) တန်ဖိုးရှိ လက်ဝတ် ရတနာများကို ၎င်းတို့ကယူဆောင် သွားခဲ့ကြောင်း သိရသည်။


အဆိုပါ ဓားပြတိုက်မှုသည် နေ့ခင်းကြောင်တောင် အချိန်တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း စုံစမ်း စစ်ဆေး ရေး တာဝန် ရှိသူများက ပြောကြားခဲ့သည်။

ထိုဓားပြတိုက်မှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများကို ပြုလုပ်ဆဲ ဖြစ်ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment