18.7.13

ပြည်တော်ပြန် အမျိုးသားတစ်ဦး အရေးပေါ် ဦးခေါင်းခွဲစိတ်ရန် ဆွေမျိုးအဆက်အသွယ် လိုအပ်

မလေးရှားနိုင်ငံ အကျဉ်းထောင် များမှ ဖမ်းဆီးခံထားရသော တရားမဝင် မြန်မာနိုင်ငံ လုပ်သား များ ပြည်တော် ပြန်ခေါ်လာစဉ် အတူပါရှိခဲ့သူ ဦးခေါင်း ထိခိုက်ဒဏ်ရာနှင့် အမျိုး သားတစ်ဦး အတွက် အရေးပေါ် ဦးခေါင်းခွဲစိတ်ရန် မိသားစု ဆွေမျိုးများ၏ အဆက်အသွယ် လိုအပ်နေကြောင်း
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာအေးသွင်က The Voice သို့ပြောကြားသည်။
"ဦးခေါင်းခွံအောက် သွေးယိုစိမ့်မှု ဖြစ်နေတယ်။ ခွဲစိတ်ခန်းဝင်ဖို့ ဆွေမျိုးတွေရဲ့ သဘောတူညီချက် လိုအပ်တယ်" ဟု ၄င်းက ရှင်းလင်းပြောဆိုသည်။

ယင်းဦးခေါင်းထိခိုက် ဒဏ်ရာသည် မလေးရှားနိုင်ငံတွင် ယခုနှစ် မေလ ၂၀ ရက်နေ့က တွေ့ကြုံခဲ့သော ယာဉ် မတော်တဆ ထိခိုက်မှုကြောင့် ရရှိခဲ့ခြင်းဖြစ်ပြီး မလေးရှား ရဲတပ်ဖွဲ့က Teluk Intan Hospital သို့ ပို့ဆောင်ကုသ ပေးခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

ယင်းဆေးရုံပေါ်တွင် မြန်မာနိုင်ငံသား တစ်ဦး ဦးခေါင်းထိခိုက်မှုကြောင့် စကား မပြောနိုင်ဘဲ အဆက်အသွယ်မရှိ ဖြစ်နေသည်ကို သီတဂူ ဆရာတော် ဦးဆောင်သော သီတဂူ အထောက်အကူပြု အဖွဲ့ (မလေးရှား) က တွေ့ရှိသည့်အတွက် ခေါ်ဆောင်လာခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ တက်ရောက်ကုသလျက် ရှိပြီး မကွေးတိုင်းဒေသကြီး ဆောမြို့နယ်တွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း ၄င်းသတိ ပြန်လည်လာစဉ် ဆေးရုံကြီး တာဝန်ရှိသူ များ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ အမျိုးသား၏ နိုင်ငံကူး လက်မှတ်အထောက်အထား များအရ နာမည်မှာ ဦးမင်းဇော် ဖြစ်ပြီး အသက် ၃၆ နှစ်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ဆေးရုံတက်ရောက် ကုသနေစဉ် တစ်လျှောက် ကုန်ကျစရိတ် များကို သီတဂူ အထောက်အကူပြုအဖွဲ့က ပံ့ပိုးပေးထားပြီး လက်ရှိအချိန်ထိ မိသားစု ဆွေမျိုးများကို ဆက်သွယ် မရသည့်အတွက် ဦးခေါင်းခွဲစိတ်မှု မပြုလုပ်နိုင်သေးကြောင်း အဆိုပါဆေးရုံကြီး ဆေးလူမှုဆက်ဆံရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မလေးရှားနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံသား ၁၇၀ကျော်သည် ယခုလ ၁၆ ရက်နေ့တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ အရှင်ဉာဏိဿရ၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့သည်။

(ဒေးဗစ်ဘရန်ဂျာ)
The Voice Weekly

0 comments:

Post a Comment