16.7.13

အာဇာနည်နေ့တွင် တ.က.သ နှင့် ပြည်သူပူးပေါင်း၍ မြို့နယ်ပေါင်း ၃၅ မြို့တွင် ဟွန်းတီးကန်ပိန်း ပြုလုပ်မည်

မကြာမီ ကျရောက်မည့် ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ေ ကျာင်းသားများ သမဂ္ဂ (တ.က.သ) နှင့် ပြည်သူလူထု ပူးပေါင်း၍ မြို့နယ်ပေါင်း ၃၅ မြို့တွင် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်၌ ဟွန်းတီးကန်ပိန်းကို တစ်ပြိုင် တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်အောင်ကျော် လမ်းရှိ HOME တွင် ယနေ့ ကျင်းပပြုလုပ်သော စာနယ်ဇင်းတွေ့ဆုံပွဲ၌ ရန်ကုန် စီးပွားရေး တက္ကသို လ် ကျောင်းသားများ သမဂ္ဂမှ ကိုဇေယျာလွင် က ပြောကြားသည်။


မြန်မာတစ်မျိုးသားလုံးအတွက် ဝမ်းနည်းဖွယ်နေ့ဖြစ်သည့် ၆၆နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို လက်ရှိ အရပ်သား အစိုးရမှ ပြုလုပ်ရန် ပျက်ကွက်ခဲ့ကြောင်း၊ ထို့ကြောင်း ကျောင်းသားထုများ ကိုယ်စား တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်၍ ပြည်သူလူထုနှင့် ပူးပေါင်းကာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား မြို့နယ်ပေါင်း ၁၇ မြို့နယ်တွင် တစ်ပြိုင်နက် ဥသြစွဲ ဂုဏ်ပြုမည်ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

“ရန်ကုန်မြို့ရဲ့ လူစည်းကားတဲ့ နေရတွေမှာ မနက် ၁၀ နာရီကတည်းက လူစုပြီးတော့ ၁၀ နာရီ ၃၇ မိနစ် အချိန်ရောက်တာနဲ့ တစ်ပြိုက်နက် ကားဟွန်းတီးပြီး ဥသြဆွဲသွားမှာပါ။ နိုင်ငံတော် အစိုးရက မလုပ်နိုင်တဲ့ အရာကို ကျောင်းသားတွေနဲ့ ပြည်သူတွေက ပူးပေါင်းပြီး လုပ်တဲ့သဘောပါပဲ။ ကျွန်တော်တို့ ဘက်ကလည်း စတစ်ကာတွေ၊ ပန်းဖလက်တွေနဲ့ လူစည်ကားရာနေရာတွေမှာ ဝေမျှထားပြီး ဖြစ်ပါတယ်”ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုနန်းလင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာတိုင် အာဏာရှင် အစိုးရမှ အာဇာနည်နေ့ အခမ်းအနားကို မျက်ကွယ်ပြုခဲ့သည့်အတွက် လူထုကြားတွင် အာဇာနည်နေ့၏ သမိုင်းနှင့် အစဉ်အလာများ မှေးမှိန်ခဲ့ရကြောင်း၊ ထို့ပြင် အာဇာနည်နေ့၏ ဝမ်းနည်းခြင်း အမှတ်သင်္ကေတဖြစ်သည့် ဥသြဆွဲသည့် အစီအစဉ်လည်းပိတ်ပင်ခံခဲ့ရပြီး ပြည်သူမှ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုသည့် အခွင့်အလမ်းကိုလည်း ကြာမြင့်စွာ ဆုံးရှုံးခဲ့ရကြောင်း တ.က.သ မှ မအိအိမော်က ပြောကြားသည်။

“ဒလမှာတော့ ကျွန်တော်တို့က ဟွန်းတီးတာထက် သင်္ဘောတွေကနေ ဥသြဆွဲပေးဖို့ ကန်ပိန်း ဆင်းထားတာတွေ ရှိပါတယ်။ အဓိကကတော့ ကျောင်းသားတွေရဲ့ အခန်းကဏ္ဍ၊ ပြည်သူလူထုရဲ့ အခန်းကဏ္ဍ ဘယ်လောက် ရှိတယ်ဆိုတာ သိစေချင်ပါတယ်” ဟု ကိုဇေယျာလွင်က ပြောကြားသည်။

ဟွန်းတီးကန်ပိန်းပြုလုပ်မည့် ရန်ကုန်မြို့တွင်းမှ မြို့နယ်များမှာ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ရန်ကင်း၊ ဗဟန်း၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ဒလ၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သာကေတ စသည်တို့ ဖြစ်ပြီး သံလျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ မြောင်းမြ၊ ပုသိမ်၊ ဟင်္သာတ၊ ထားဝယ်၊ လွိုင်ကော်၊ ပန်းတနော် စသည့် မြို့နယ်များရှိ လူစည်ကားရာ နေရာများတွင်လည်း ဟွန်းတီးကန်ပိန်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရည်မွန်

မြန်မာ့ခေတ်

0 comments:

Post a Comment