24.8.13

အက်စ်တွန်ဗီလာ - လီဗာပူးလ်အတွက် ထူးခြားချက်များ

ပရီးမီးယားလိဂ် ပွဲစဉ် ၂ ဖြစ်သည့် အက်စ်တွန်ဗီလာ- လီဗာပူးလ်ပွဲမတိုင်မီ ထူးခြားချက်များ၊ ဒါဏ်ရာရ ပွဲပါယ် စာရင်းများကိုတင်ပြအပ်ပါသည်

ဗီလာ နောက်ခံလူ ကလာ့ခ်ဟာ ချယ်ဆီးနှင့် ပွဲစဉ်မှာ ဦးခေါင်းဒါဏ်ရာကြောင့်

လူစားလဲခဲ့ရသော်လည်း ယခုပွဲစဉ်မှာ ပါဝင်နိုင်မည် ဖြစ်သည်။ ခြေသလုံး ကြွက်သား ဒါဏ်ရာ ရရှိနေခဲ့သည့် ခရစ် ဟာ့ဒ်ဟာလည်း ဒါဏ်ရာမှာ သက်သာလာပြီ ဖြစ်ပြီး နေသန် ဘေကာကတော့ ခြေပွတ်တိုင် လည်သည့် ဒါဏ်ရာကြောင့် ပါဝင်ဖို့ မသေချာသည့် အနေအထား ဖြစ်သည်။

လီဗာပူးလ်အသင်းဟာ ဗလင်စီယာ အသင်းမှာတစ်နှစ် စာချုပ်ဖြင့် အငှားခေါ်ယူလိုက်သည့် ဘယ်နောက်ခံလူ အာလီ ဆစ်ဆိုကို ကို ပွဲထုတ်လာဖွယ် ရှိနေသည်။ ဒူးဒါဏ်ရာကြောင့် ကော့တက်စ် တစ်ယောက် ကာလရှည် အနားယူရမည် ဖြစ်သလို လူးဝစ် ဆွာရက်ဇ်ဟာလည်း ပွဲပါယ်ပြစ်ဒါဏ်မှ မလွတ်မြောက်သေးပေ။

☻ အက်စ်တွန်ဗီလာအသင်းဟာ ၁၉၉၈ ခုနှစ် နောက်ပိုင်း လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရသည့် နောက်ဆုံး ၁၅ ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိခဲ့ပြီး သရေ ၅ ပွဲ ရှုံးပွဲ ၉ ပွဲအထိ ရှိခဲ့သည်။ ၁၅ နှစ်အတွင်းမှာ ဂိုးပေါင်း ၇ ဂိုးတည်းသာ လီဗာပူးလ်အသင်းဖက်ကို သွင်းယူနိုင်ခဲ့သည်။ နောက်ဆုံးအကြိမ် လီဗာပူးလ်အသင်းကို ၁ ဂိုးနှင့်အထက် သွင်းယူနိုင်ခဲ့ခြင်းမှာ ၁၉၉၈ ခုနှစ် နိုဝင်ဘာလက ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲ ဖြစ်သည်။

☻ ဗီလာအသင်းဟာ အိမ်ကွင်း ရလာဒ် ညံ့ဖျင်းနေပြီး နောက်ဆုံး အိမ်ကွင်း ၃၂ ပွဲမှာ ၂၈ မှတ်တည်းသာ ရယူနိုင်ခဲ့သည်။ ၂၈ ပွဲအတွင်း ၆ ပွဲသာ အနိုင်ရခဲ့သည်။

☻ ဗီလာအသင်းဟာ အိမ်ကွင်းမှာ ပေးဂိုး မရှိ ကစားနိုင်ခဲ့သည့် နောက်ဆုံးပွဲဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက စတုတ်အသင်းနှင့် ကစားခဲ့သည့် ပွဲ ဖြစ်ပြီး နောက်ဆုံး ၂၄ ပွဲမှာ ပွဲတိုင်း ဂိုးသွင်း ခံခဲ့ရသည်။

☻ ဗီလာ တိုက်စစ်မှူး ခရစ္စတီယန် ဘန်တီကီဟာ ၂၀၁၃ ခုနှစ်အတွင်းမှာ ဂိုးအများဆုံး သွင်းယူနိုင်သည့် ပရီးမီးယားလိဂ် ကစားသမား ဖြစ်ပြီး ၁၇ ဂိုးအထိ သွင်းယူပေးထားသည်။

☻ လီဗာပူးလ်အသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၄ ရာသီမှာ အဖွင့်ပွဲ ၂ ပွဲဆက်တိုင် အနိုင်မရခဲ့ပေ။

☻ လီဗာပူးလ်အသင်းဟာနောက်ဆုံး ကစားခဲ့သည့် ပရီးမီးယားလိဂ် ၉ ပွဲမှာ ရှုံးပွဲ မရှိခဲ့ပဲ ၅ ပွဲနိုင် ၄ ပွဲ သရေကျခဲ့သည်။ အဆိုပါ ၉ ပွဲအတွင်းမှာ ပေးဂိုးမရှိ ကစားနိုင်ခဲ့သည့် ပွဲ ၆ ပွဲအထိ ပါဝင်ခဲ့သည်။

☻ ပြီးခဲ့သည့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်များမှာ လီဗာပူးလ်အသင်းဟာ ဂိုးပေါင် ခြိမ်းခြောက်မှုပေါင်း အကြိမ် ၂၀ အထိ ရှိခဲ့ပြီး အရေအတွက် အများဆုံး အသင်း ဖြစ်ခဲ့သည်။ မနှစ်က ဘောလုံးရာသီမှာလည်း ဂိုးပေါက် ခြိမ်းခြောက်မှု ၅၂၈ ကြိမ်ဖြင့် အများဆုံး ခြိမ်းခြောက်နိုင်သည့် အသင်း ဖြစ်ခဲ့သည်။

☻ ဒန်နီယယ် စတားရစ်ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲမှာ ၇ ဂိုး သွင်းယူနိုင်ခဲ့သည်။

☻ စတီဗင် ဂျရတ်ဟာ ဗီလာအသင်းကို ဂိုးပေါင်း ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး အခြား ပရီးမီးယားလိဂ် အသင်းများကို ဗီလာအသင်းလောက် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။

http://www.football-cafe.com/

0 comments:

Post a Comment