24.8.13

ရန်ကုန်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် မြစ်ရေကြီးမှုတို့ကြောင့် ရေကြီးရေလျှံမှု များဖြစ်ပေါ်

ရန်ကုန်မြို့၌ ယနေ့နံနက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှု နှင့်မြစ်ရေကြီးမှု တို့ကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက် ရှိသည်။

ရေကြီး ရေလျှံမှုများကြောင့် ဆိုင်ခန်းတချို့ ရေဝင်၍ ပိတ်ထားရပြီး လူနေအိမ် တချို့သည်လည်း ရေဝင်၍ နေထိုင်မှု

အဆင်မပြေဖြစ် ကြရသည်။ ကားလမ်းမများပေါ်တွင် ရေလျှံ၍ မော်တော်ယာဉ်များ သွားလာ ရန်ခက်ခဲပြီး ယာဉ်ကြော ပိတ်ဆို့မှုများလည်း ဖြစ်ပွားလျက် ရှိသည်။

''ယခုနှစ်ရေကြီးတာ မနှစ်ကထက် ဆိုးတယ်။ ရေတွေက တော်တော်နဲ့ ပြန်မကျဘူး။

ယခုရက် အတွင်းနေရတာ သိပ်အဆင်မပြေပါဘူး''ဟု ဒေါပုံမြို့နယ် ဗမာအေး ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။ ရေကြီးရေလျှံမှုများသည် နေရာအနှံ့ အပြားတွင် ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment