6.8.13

မြောက်ဦးရှေးဟောင်း ပုထိုးတော်ကြီးအနီး ထွန်ယက်စိုက်ပျိုးနေ ၍ ဒေသခံများစိုးရိမ်

ရခိုင်ပြည် နယ် မြောက်ဦးမြို့ ရှိ ရှေးဟောင်း သမိုင်း ဝင် ထုက္ကန်သိမ်ပုထိုးတော် ကြီး၏ခြေရင်းမြေကွက် လပ် တွင် မိုးစပါးစိုက်ပျိုးရန် ထွန်ယက်လျက် ရှိကြောင်း သိရသည်။
ရှေးဟောင်းသုတေသန ဌာနမှ ရှေးဟောင်းအဆောက်အ အုံများမှ ပေ ၉ဝအကွာအဝေးအတွင်း ထွန်ယက်စိုက်ပျိုးခြင်းမပြုလုပ်ရ ဟု တားမြစ်ချက် ထုတ်ပြန်ထား သော်လည်း ရှေးဟောင်း ပုထိုး တော်ကြီး၏ အောက်ခြေဖောင် ဒေးရှင်းနှင့် အလွန်နီးကပ်နေပြီး ပေ၉ဝအတွင်းတွင် ထွန်ယက်စိုက် ပျိုးနေခြင်းဖြစ်ကြောင်း သိရသည်။



ထွန်ယက်စိုက်ပျိုးရန်အတွက်မြေကွက်လပ်ကိုလက်ရှိသျှစ် သောင်းဘုရားဂေါပကအဖွဲ့မှ လယ်လုပ်သူအား တစ်နှစ်လျှင် ကျပ်ခြောက်သောင်းဖြင့် ငှားရမ်း လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ပြီး ဘုရား အနီးရှိ ရွာသူရွာသားများက ထွန် ယက်စိုက်ပျိုးခြင်းမပြုလုပ်ရန်သက်ဆိုင်ရာဂေါပကနှင့်သွား ရောက်ညှိနှိုင်းခဲ့သော်လည်း တစ် စုံတစ်ရာသဘောတူညီမှုမရရှိခဲ့ ဟုသိရသည်။

''ကျွန်တော်တို့က ဒီနေရာ မှာလယ်မထွန်ဖို့ကို ဂေါပကနဲ့ သွားရောက်ညှိနှိုင်း ခဲ့ပါ တယ်။ အဲဒီ ငှားရမ်းလို့ရရှိမယ့် ကျပ်ခြောက် သောင်းကို ကျွန်တော်တို့ ရွာသူ ရွာသားတွေပေးပါ့မယ်လို့ ပြောခဲ့ တယ်။ ဒါပေမယ့် အဆင်မပြေခဲ့ ပါဘူး''ဟု ကြက်ဈေးရပ်ကွက်တွင် နေသူ ကိုပေါက်စကပြောသည်။

ထွန်ယက်စိုက်ပျိုးမှုကြောင့် ပုထိုးတော်ကြီး၏ အောက်ခြေ ဖောင်ဒေးရှင်းမှ အုပ်ချပ်များထိခိုက်ပျက်စီးခြင်း၊ ခြေရင်းမြေသားများတဖြည်းဖြည်း နိမ့်ဆင်းလာ မှုတို့ကြောင့် ရေရှည်တွင် သမိုင်း ဝင် ပုထိုးတော်ကြီး၏ကြံ့ခိုင်မှုကို ထိခိုက်လာနိုင်၍ ဒေသခံများစိုး ရိမ်စရာဖြစ်နေကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment