6.8.13

ဆရာတော်ဦးဥတ္တမ ပုံတူပန်းချီနှင့်ပန်းပု ရေးဆွဲထုလုပ်မည်

မြန်မာ့လွတ်လပ်ရေး မီးရှူး တန်ဆောင် ဆရာတော် ဦးဥတ္တမ၏ ပုံတူပန်းချီရေးဆွဲခြင်းနှင့် ပန်းပုထု လုပ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီး ရှိ (ကန်တော်မင်္ဂလာပန်းခြံ) Happy World Amusement Zone တွင် ကျင်းပမည် ဖြစ်သည်။

လက်တွေ့သရုပ်ပြပွဲကို သြဂုတ် လ ၁၁ ရက် တနင်္ဂနွေနေ့ နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ် မည်ဖြစ် ပြီး ပန်းချီရွှေမြင့်နှင့် ကျော် ကျော်မင်း (ပန်းပု) တို့က လက်တွေ့ ရေးဆွဲ၊ ထုလုပ်ကြမည်ဟု သိရသည်။



UTA
Popular Myanmar News Journal

0 comments:

Post a Comment