8.8.13

"နောက်ကြောင်းပြန်လှည့်တာ မလှည်တာဟာ အဓိက မဟုတ်ဘဲ ရှေ့ ကို သွားတဲ့ လမ်းကောင်းတာမကောင်းတာသာအဓိကဖြစ်တယ်" ဒေါ်အောင်ဆန်းစုကြည်

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်မြောက်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လည်းတက်ရောက်ခဲ ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်တဲ့ ဝါဒနဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို လိုအပ်ကြောင်း။

ပြည်သူတွေအနေနဲ့ ကိုယ်ဘယ်လိုပန်းတိုင်မျိုးရောက်ချင်တာလဲဆိုတာကို တစ်ဦးချင်းသေသေချာချာစဉ်းစားကြဖို့ လိုအပ်ကြောင်း။

မြန်မာနိုင်ငံမှာ လုံခြုံရေးကိုအကြောင်းပြပြီးပြည်သူတွေရဲ့ လွတ်လပ်ရေးကိုထိန်းချုပ်ခဲ့ ကြောင်း၊။

တစ်သွေးတစ်သန်တစ်မိန့် ဆိုတာညီညွတ်မှုမဟုတ်ကြောင်း။

နောက်ကြောင်းပြန်လှည့်တာ မလှည်တာဟာ အဓိက မဟုတ်ဘဲ ရှေ့ ကို သွားတဲ့ လမ်းကောင်းတာမကောင်းတာသာအဓိကဖြစ်ကြောင်း။

ပြည်သူတွေအားလုံးဟာရဲရဲဝံ့ ဝံ့ စိတ်ဓာတ်နဲ့  ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို သွားမယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။

Author နန်းလွင်

Kumudra

0 comments:

Post a Comment