8.8.13

ရွှေဂုံတိုင်ခုံးကျော်တံတားစီမံကိန်းတွင် ၁၀ ပေ အမြင့် မော်တော်ယာဉ်များ သွားလာခွင့် နှစ်လနီးပါးပိတ်ထားမည်

ရွေဂုံတိုင် ခုံးကျော်တံတားတည်ဆောက် သည့်နေရာတွင် ၁၀ ပေ အမြင့် ရှိသော မော်တော်ယာဉ်များ သွား လာခွင့်ကို နှစ်လနီးပါး ပိတ်ထား မည်ဖြစ်ကြောင်း သိရသည်။


ယခုလ ၆ ရက်မှစတင်ကာ ပိတ်ပင်လိုက်သော အဆိုပါ ယာဉ် ကြီးများ၏ ဖြတ်သန်းသွားလာခွင့် ကို အဆင်ပြေစေရန်အတွက်မောင်း နှင်ရမည့် လမ်းလွှဲများကို သတ် မှတ်ပေးထားကြောင်း သိရသည်။

ယခုကဲ့သို့ ၁၀ ပေအမြင့်ရှိ သော မော်တော်ယာဉ်များ သွား လာခွင့်ကို ယာယီပိတ်ပင်ရခြင်း သည် အဆိုပါတံတားဆောက်လုပ် ရေးစီမံကိန်းတွင် ဆက်လက်လုပ် ဆောင်မည့် ဃမသျ နြော လုပ် ငန်းများကြောင့်ဖြစ်ပြီး ကမ္ဘာအေး ဘက်ခြမ်းမှ ဆူးလေသို့ မောင်း နှင်လာမည့် ခရီးသည်တင် ဘတ်စ် ကားများအပါအဝင် ဘီအမ်ကား များကိုပါ ဖြတ်သန်းခွင့် ပြုတော့ မည်မဟုတ်ကြောင်း သိရသည်။

မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (ဗဟို)မှ ဥက္ကဋ္ဌဦးလှအောင်က ''မီး ပွိုင့်ရဲ့ တောင်ဘက်ခြမ်းမှာ လုပ် မယ့် လုပ်ငန်းစဉ်ကြောင့် ကမ္ဘာအေး လမ်းကလာမယ့် ကားတွေနဲ့ ဆူး လေဘက်က ပြန်မယ့်ကားတွေ၊ နောက် တာမွေဘက်က လာမယ့် ကားတွေကို လမ်းကြောင်းပြောင်း ထားတာဖြစ်ပါတယ်''ဟု ပြောသည်။

ယခင် သွားလာနေသည့် ဘတ်စ်ကားများအနေဖြင့် ပြောင်း လွဲမောင်းနှင်ရမည့် လမ်းကြောင်း များမှာ ကမ္ဘာအေးဘုရားလမ်းမှ ဖြတ်သန်းမည့်ယာဉ်များသည် အနောက်ရွှေဂုံတိုင်လမ်း၊ ကြား တောရလမ်းနှင့် ရေတာရှည်လမ်း များမှ ဖြတ်သန်းသွားလာနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်း ကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော် ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ရေးကော်မတီ(ဗဟို)မှ သိရသည်။

ရွှေဂုံတိုင်မီးပွိုင့် တောင် ဘက်ခြမ်းရှိ တံတားတိုင်အမှတ် ဏ၃ မှ ဏ၁၀၀ ထိ တံတားတိုင်များ တွင် ဃမသျ နြော လုပ်ငန်းများ လုပ်ကိုင်ရန် ရှိသည့်အတွက် ၁၀ ပေနှင့်အထက်အမြင့်ရှိသောမော် တော်ယာဉ်များ ဖြတ်သန်းသွား လာခွင့်ကို ယင်းကဲ့သို့ နှစ်လနီး ပါး ကြာမြင့်စွာ ပိတ်ထားမည်ဖြစ် ကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment