6.9.13

ရိုစီနှင့် ဂျေဆန်တို့ လမ်းခွဲသတင်း မဟုတ်မှန်

Transformers: Dark of the Moon ဇာတ်ဆောင် မင်းသမီး၏ ကိုယ်စားလှယ်က ယင်းဖော်ပြချက်များကို ပယ်ချသွားသည်။
ရိုစီဟတ်တင်ဂမ် ဝှစ်တလီနှင့် ချစ်သူ ဂျေဆန် စတက်ဟမ်းတို့ လမ်းခွဲခဲ့ပြီဆိုသော သတင်းများကို ရိုစီ၏ ကိုယ်ရေး အရာရှိက ငြင်းဆန် ပယ်ချခဲ့သည်။ ရိုစီသည် သူငယ်ချင်းများနှင့်အတူ အိုင်ဘစ်ဇာသို့ အပန်းဖြေ သွားရောက်ခဲ့ပြီး GQ၏ Man of the Year ဆုပေးပွဲ အစီအစဉ်တွင်လည်း Transporterမင်းသား ဂျေဆန်မပါဘဲ တစ်ဦးတည်း တက်ရောက်ခဲ့သည်။



သတင်းများက ဂျေဆန်နှင့် Victoria's Secret အလှမယ် ရိုစီတို့သည် ယခုအခါ တသီးတခြား နေထိုင်နေပြီဟု ဖော်ပြခဲ့သလို ယင်းတို့နှစ်ဦး လမ်းခွဲရန် သေချာနေပြီဟု ရေးသားခဲ့သည်။ သို့သော်လည်း ယခုအခါတွင်မူ Transformers: Dark of the Moon ဇာတ်ဆောင် မင်းသမီး၏ ကိုယ်စားလှယ်က ယင်းဖော်ပြချက်များကို ပယ်ချသွားသည်။

"ရိုစီနဲ့ ဂျေဆန်တို့ ဘယ်တုန်းကမှ လမ်းမခွဲပါဘူး။ နောက်ပြီး နှစ်ယောက် သဘောတူပြီး ခဏတဖြုတ် ခွဲခွာနေကြတယ် ဆိုတာလည်း မဟုတ်ပါဘူး။ တကယ်က ရိုစီဟာ ဂျေဆန်ရဲ့ ရိုက်ကွင်းမှာ အတူသွား အချိန်ကုန်ခဲ့ပါတယ်။ ပြီးတော့မှ သူငယ်ချင်းတွေနဲ့ ချိတ်ဆက်ခဲ့တာပါ။ သူတို့နှစ်ယောက် လမ်းခွဲတာ မ ဟုတ်ပါဘူး။

ပြောရရင် သူတို့နှစ်ယောက်လောက် ပျော်ရွှင်နေတဲ့သူတွေ ရှိမှာတောင် မဟုတ်ဘူး"ဟု အသက်(၂၆)နှစ်ရှိ မင်းသမီး၏ ကိုယ်ရေးအရာရှိက ရှင်းလင်း ပြောကြားသွားခဲ့သည်။ ရိုစီသည် မကြာသေးမီက သူမ၏ ဘဝသည် ဂျေဆန်နှင့် အချစ်ရေးကြောင့် ပိုမိုတည်ငြိမ် အေးချမ်းလာကြောင်း ဖွင့်ဟ ဝန်ခံခဲ့ဖူးသည်။

Planet Myanmar Network

0 comments:

Post a Comment