28.9.13

ကယ်ဆယ်ရေး လုပ်သားများ တိုက်ခိုက်ခံနေရသည့် ပါကစ္စတန် ငလျင်ဘေးသင့်ဒေသ

ငလျင်ဘေးဒဏ်ခံစားခဲ့ရတဲ့ ပါကစ္စတန်က ဘာလူချီစတန်စီရင်စုမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့
လုပ်သားတွေနဲ့ စစ်သားတွေဟာ ခွဲထွက်ရေးသမားတွေရဲ့ တိုက်ခိုက်မှုကို ခံနေရကြောင်း သိရပါတယ်။

ကြာသပတေးနေ့မှာ ပါကစ္စတန် သဘာဝဘေးသင့်ဒေသ စီမံရေးတာဝန်ခံနဲ့ စစ်တပ်မှ အဆင့်မြင့်အရာရှိတစ်ဦးကို တင်ေ ဆာင်ပြီး ဘေးသင့်ဒေသကို လိုက်ခံစစ်ဆေးနေတဲ့ ရဟတ်ယာဉ် တစ်စင်းဟာလည်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ခံခဲ့ရပြီး လွဲချော်ခဲ့ပေမယ့် ၎င်းနေ့ ညနေပိုင်းမှာပဲ ကယ်ဆယ်ရေး လုပ်သားတွေကိုလည်း သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ တယ်လို့ စစ်ဖက်အရာရှိတွေက ပြောကြားခဲ့ပါတယ်။ ပါကစ္စတန် ငလျင်ကြောင့် လူ ၃၅၆ဦး သေဆုံးခဲ့ပြီး လူ ၆၀၀ထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ဒီတိုက်ခိုက်မှုတွေကြောင့် တစ်စုံတစ်ဦးမှ ထိခိုက်မှုမရှိသေး ပေမယ့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနှောင့်အယှက် ဖြစ်နေရတယ်လို့ သိရပါတယ်။

MRTV-4

0 comments:

Post a Comment