28.9.13

"တရားအားထုတ်ဖို့ အချိန်"

ပုထုဇဉ်တွေဆိုတာ တရားကို ဦးစားမပေးလို့ 
ပုထုဇဉ်တွေ ဖြစ်နေတာ မဟုတ်ဘူးလား။
တကယ်အရေးကြီးတဲ့ တကယ်လုပ်သင့်တဲ့
အလုပ်ကို အရေးတကြီးလုပ်ရမယ်၊
ကိုယ့်ကို ကယ်တင်မယ့် ကိုယ့်ကို ချမ်းသာမှုပေးတဲ့ ကိုယ့်အပေါ်တကယ်သစ္စာရှိတဲ့ တရားအလုပ်ကျတော့
နောက်သွားထားတယ်။

ပြုံးပြုံး ပြုံးပြုံးနဲ့ ချောက်ထဲကန်ချမယ့် ကာမဂုဏ်တွေကို ရှေ့ တန်းတင်နေတယ်။
သေလည်းသေရော အဲဒီကာမဂုဏ်တွေက ချောက်ထဲကန်ချတာနော်။
များသောအားဖြင့် အပါယ်ကျတာ မများဘူးလား။
ကာမဂုဏ် လိုက်စားတော့
တရားအားထုတ်ဖို့ အချိန်မှ မရှိတာကိုး။

မြစိမ်းတောင် ဆရာတော်ဘုရား

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

0 comments:

Post a Comment