28.9.13

ရုပ်သေးကြိုးဆွဲပညာရှင် ဆရာဦးမောင်ကြည် ကွယ်လွန်

မြန်မာ့ရုပ်သေးလောကအတွက် ရုပ်သေးဆရာကောင်းတစ်ဦးကို
ဆုံးရှုံးလိုက်ကြရပြီဖြစ်ကြောင်းဆရာဦးမောင်ကြည် အသက်(၆၉)နှစ်
(ရုပ်သေးကြိုးဆွဲပညာရှင် )(အငြိမ်းစား-အနုပညာဦးစီးဌာန/ယဉ်ကျေး
မှုဝန်ကြီးဌာန) ဆုံးပါးခြင်းအပေါ်ဦးထွေး(ထွေးဦးမြန်မာ)ကဆိုပါတယ်။
“၂၃ရက်နေ့ညကပဲ MiCasa မှာ အတူတူက အတူတူစားခဲ့ကြပါသေးတယ်။
ဒီနေ့(၂၇ရက်နေ့ )လည်း ဆီဒိုးနားမှာ ထိုင်းခရီးသွားလုပ်ငန်းရှင်တွေကို
၇နာရီကနေ ၇နာရီခွဲထိ သူချစ်မြတ်နိုးတဲ့ ရုပ်သေးကြိုးတွေကို အပြုံးမပျက်ဆွဲပြီး လက်ခုပ်သံတွေကို ခံယူခဲ့တဲ့ဆရာ၊ ပွဲကအပြီး ပစ္စည်းတွေသိမ်းတော့တောင် ဝိုင်းကူခဲ့သေးတဲ့ဆရာ။အိမ်ပြန်ဖို့ အောက်ဆင်းပြီးတင်စရာလှည်းသွားယူနေ
ချိန်မှာ မြန်မြန်ပြန်တက်ခဲ့ပါလို့ဖုန်းဆက်လို့တက်သွားတော့ အသက်မရှိတော့ဘူး။
အပေါ်ထပ်ခန်းမထဲရောက်တော့ ဟိုတယ်ဆရာဝန်လည်း ရောက်နေပြီ။
ဟုတ်ရဲ့လားဗျာဆိုတော့ ကိုယ့်ရှေ့မှာတင် ဓါတ်မီးနဲ့ထိုးပြ၊ နားကြပ်နဲ့ နှလုံးခုန်
သံနားထောင်ခိုင်း၊ သွေးတိုးမတိုးစမ်းခိုင်းကြည့်တော့ ဘာမှမပြတော့
ဘူး။ မနေ့ကဆေးခန်းပြထားတယ် ဆေးသောက်ဦးမယ်ဆိုပြီး ဆေးထုတ်
သောက်တယ်တဲ့။ ဆေးသောက်မယ်ဆိုအစာစားပြီးမှသောက်ပါဆိုပြီး ပေါင်မုန့်
ထုတ်ပေးတာတောင် ဆေးသောက်ပြီးမှ စားမယ်ဆိုပြီး ဆေးအရင်သောက်
လိုက်တယ်။ ပြီးမှပေါင်မုန့်စားနေတုန်း ရှေ့ကိုငိုက်ကျသွားလို့ ဆရာဘာဖြစ်လို့လဲ
လို့ ဝိုင်းမေးတော့ စကားပြန်မပြောတော့ဘူး။ သတိလစ်တယ်ထင်လို့
ခြေတွေလက်တွေ ဆုပ်နယ်ပေးချိန်မှာ ခြေထောက်တွေ အေးနေပြီ။
ဟိုတယ်ဝန်ထမ်းတွေကို ဆရာဝန်ရှိလားမေးပြီး ခေါ်ခိုင်းတော့ ရောက်လာတဲ့
အချိန်မှာ အသက်မရှိတော့ဘူး။ ည ၈နာရီ ၁၅ လို့မှတ်တမ်းတင်ပါတယ်။
လိုအပ်တဲ့စစ်ချက်တွေယူပြီး ရန်ကုန်ဆေးရုံကြီးကိုပို့တော့ ညဆယ်နာရီခွဲပါပြီ။ သေဆုံးကြောင်းစစ်ဆေးလက်ခံပြီး နက်ဖြန်ခါ သေစာရင်း
လာထုတ်ရန် စာရွက်ထုတ်ပေးလိုက်ပါတယ်။”လို့ ဦးထွေး(ထွေးဦးမြန်မာ)က
ယမန်နေ့ ကသူ့ ဖေ့ဘုတ်မှမိတ်ဆွေများသိရှိဖို့ အကျိုးအကြောင်းပြောပြထားပါတယ်။
ကွယ်လွန်သူဆရာဦးမောင်ကြည်မှာထွေးဦးမြန်မာရုပ်သေးအဖွဲ့ မှပင်တိုင်ကြိုး ဆွဲပညာရှင်လည်းဖြစ်ကြောင်းသိရပါတယ်။အမှတ် ၇၉၉(၆လွှာ)၊ ဇေယျသုခလမ်း၊
မေတ္တာညွန့် ၊ တာမွေနေအိမ်မှ ၂၉-၉-၂၀၁၃ (စနေနေ့) ညနေ ၄း၀၀ နာရီတွင် ကားများထွက်ပြီး ရေဝေးမှာညနေ ၅နာရီခွဲ သဂြုင်္ိဟ်မှာဖြစ်ပါတယ်။

photo credit-Khin Maung Htwe
Popular Journal

0 comments:

Post a Comment