15.10.13

ဂျေလိုနှင့် ကက်စ်ပါတို့ အချစ်ရေးပြတ်စဲခဲ့ပြီဟု သတင်းများ ထွက်ပေါ်လာ

ပရိသတ်များက ဂျေလိုဟု ချစ်စနိုး ခေါ်ဝေါ်လေ့ ရှိကြသည့် On The Floorစတား အဆိုတော်
မင်းသမီးသည် သူမနှင့် အကသမား ကက်စ်ပါတို့ကြား ကွဲပြားမှုများအတွက် ဆက်လက် သည်းမခံနိုင်တော့ဟု ရင်းနှီးသူများက ပြောကြားခဲ့သည်

ဂျေလိုနှင့် ကက်စ်ပါတို့ အချစ်ရေးပြတ်စဲခဲ့ပြီဟု သတင်းများ ထွက်ပေါ်လာ
ဂျနီဖာ လိုပက်ဇ်နှင့် ကက်စ်ပါစမတ်တို့ အချစ်ရေးသည် ဆုံးခန်းတိုင် ခဲ့ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ပရိသတ်များ က ဂျေလိုဟု ချစ်စနိုး ခေါ်ဝေါ်လေ့ ရှိကြသည့် On The Floorစတား အဆိုတော် မင်းသမီးသည် သူမနှင့် အကသမား ကက်စ်ပါတို့ကြား ကွဲပြားမှုများအတွက် ဆက်လက် သည်းမခံနိုင်တော့ဟု ရင်းနှီးသူများက ပြောကြားခဲ့သည်။ ဂျေလို၏ မိတ်ဆွေ တစ်ဦးက "ဂျေလိုဟာ တတ်နိုင်သမျှ သူ့ရဲ့ အချစ်ရေးကို တသီးတခြား သိုဝှက်ထားချင်သူပါ။ ဒါပေမဲ့ သူနဲ့ ကက်စ်ပါတို့ကြားမှာ အကြိတ်အခဲတွေ ရှိနေပြီလို့ အရိပ်အမြွက်လောက် ပြောကတည်းက အခြေအနေ ဆိုးရွားနေတာ သိနိုင်ပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။

ဂျေလိုနှင့် ရင်းနှီးသည့် အခြားသူငယ်ချင်း တစ်ဦးကလည်း "ကက်စ်ပါဟာ သူ့အတွက် ထာဝရ မဖြစ်နိုင်ဘူးလို့ ဂျေလိုက ယူဆခဲ့ပါတယ်။ ခုချိန်မှာလည်း ဒီစိတ်အတွေးဟာ အပြောင်းအလဲ မရှိပါဘူး။ ဂျေလိုဟာ သူ့ရဲ့ အချစ်ရေးအတွက် ပျော်ရွှင်ခဲ့ဖူးတယ်။ ခုချိန်မှာတော့ အဲဒီအတွက်ပဲ စိတ်ဆင်းရဲစရာတွေ ကြုံလာရပါတယ်"ဟု ပြောကြားခဲ့သည်။ အသက်(၂၅)နှစ်ရှိ ကက်စ်ပါသည် လွန်ခဲ့သော (၃)ပတ်အတွင်း ဂျေလိုနှင့် လူမြင်ကွင်းရှေ့ ထွက်ပေါ်လာမှု လုံးဝ မရှိတော့ချေ။ ယခုလ အစောပိုင်းက ဝါရှင်တန် ဒီစီတွင် ပြုလုပ်သည့် လူ့အခွင့်အရေး လှုပ်ရှားမှု အမျိုးသားအဆင့် ညစာစားပွဲကြီးတွင် ဂျေလိုက တစ်ကိုယ်တည်း တက်ရာက်လာခဲ့သည်။

အသက်(၄၄)နှစ်ရှိ ဂျေလိုအနေဖြင့် လမ်းခွဲသတင်းကို အတည်မပြုသေးသော်လည်း နီးစပ်သူများက "ဂျေလိုရဲ့ စီမံခန့်ခွဲရေး အဖွဲ့ဟာ သူ့ရဲ့ အခမ်းအနား အစီအစဉ်တွေကို တစ်ယောက်တည်းအတွက်ပဲ ရေးဆွဲထားဖို့ ပြင်ဆင်နေပါပြီ"ဟု ပြောကြားခဲ့သည်။ ဂျေလိုသည် ခင်ပွန်းဟောင်း မက်အန်သိုနီနှင့် ရခဲ့သည့် မက်စ်နှင့်အမ်မာတို့ အမြွှာကလေးငယ် နှစ်ဦးက ကက်စ်ပါကို တွယ်တာခင်မင်နေခြင်းကြောင့် ဆုံးဖြတ်ချက်ချရန် ဝေခွဲတွန့်ဆုတ်နေခြင်း ဖြစ်နိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။

Planet Myanmar Network

0 comments:

Post a Comment