15.10.13

အမေရီကန်ဒေါ်လာ ၅၈ သန်းနီးပါးရရှိမည့် နစ်နာသူ

၂၀၁၀ ခုနှစ် အတွင်းက Torrance မြို့မှ La Barra Latina အရက်ဘားဆိုင်တွင်ဖြစ်ခဲ့သော
ခိုက်ရန်ဖြစ်ပွားမူကြောင့်Antonio သည် ဦးခေါင်း ၏၂၅% သော အစိတ်ပိုင်းကိုခွဲထုတ်ခံခဲ့ရသည်။

ဖြစ်စဉ်အရ အရက်ဘားကိုင်နှင့် လုံခြုံရေးဝန်ထမ်း
တို့အကြားဖြစ်ပေါ်ခဲ့သော ရန်ပွဲတွင် ကြားညှပ်ခဲ့ကာ ဘေ့စ်
ဘောရိုက်တံဖြင့် (၈)ကြိမ်မက ရိုက်နက်ခဲ့ခြင်း ကိုခံခဲံရကြောင်း
သိရသည်။

ယခုအချိန်အထိ သက်သေခိုင်မာမူ မရှိသောအချက်
များကြောင့် သူ့အားရိုက်နက်သူများမှာ လွတ်မြောက်နေဆဲ
ရှိသည်ကို စိတ်မကောင်းစွာ တွေ့ရသည်။

California သမိုင်းအရ လူတဦးတယောက် ထဲအတွက်
ထိခိုက်နစ်နာမူ လျော်ကြေးငွေပေးသောပမာဏ တွင် အများဆုံး
ဖြစ်ပြီး လက်ရှိနှင့် နောက်ဖြစ်လာနိုင်သော ဆေးကုသမူများအတွက်
ကိုပါ တာဝန်ယူမူ ကိုလုံခြုံရေး အသိုက်ဝန်းထံမှရရှိမည်ဟု သိရသည်။
အမေရီကန်ဒေါ်လာ ၅၈ သန်းနီးပါးကို လက်ခံရရှိမည်ဖြစ်သည်။

ကချင်း ( MM Social Sky )

0 comments:

Post a Comment