12.10.13

တိုက်ကြီးမြို့နယ်တွင် မြေမြှပ်ထားသော လုပ်သေနတ်အဟောင်း တစ်လက်တွေ့ရှိ

၁၂.၁၀.၂၀၁၃ရက်နေ့ ၁၅၂၀အချိန် တိုက်ကြီးမြို့နယ်၊ လှိုင်ကျေးရွာအုပ်စု၊
မီးသွေးကျင်းကျေးရွာ၊ ဥတို-အဖျောက်ကားလမ်း၊ မိုင်တိုင်အမှတ်(၃/၀ နှင့် ၃/၁)ကြား လမ်းဘေးတွင်မြေမြုပ်နေသောသေနတ်ဒင်ပိုင်း
တစ်ခုအား နွားကျောင်းနေသူ မောင်ဇေယျာမင်း၊

(ဘ)ဦးသန်းဝင်း၊မီးသွေးကျင်းကျေးရွာနေသူ
မှတွေ့ရှိ၍ ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် တိုက်ကြီးမြို့မရဲစခန်းသို့ဆက်သွယ်အကြောင်းကြား
ခဲ့ပါသည်။

ထိုသို့အကြောင်းကြားချက်အရတိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည်ကျေးရွာအုပ်ချုပ်ရေးမှူး

 အဖွဲ့နှင့်အတူ အဆိုပါနေရာသို့ သွားရောက် စစ်ဆေးတူးဖေါ်ခဲ့ရာ ပီနံအိတ်အတွင်းတစ်ခုစီဖြုတ်၍ ထုပ်ပိုးထားသော အလျား (၁)ပေခွဲခန့်ရှိ သစ်သားဖြင့်ပြုလုပ်ထားသည့် အနက်ရောင်
သေနတ်ဒင်(၁)ခု၊ အရှည် (၂)ပေခန့်၊ အ၀ (၁)လက်မခန့်ရှိ သံချေးတက်
သံပိုက်(၁)ခု၊ သံချေးတက်နေသော သေနတ်မောင်း (၁)ခု၊
အလျား (၇)လက်မခန့်ရှိ ကော်မှန်ဘီလူး (အပျက်) (၁)ခု၊
ကော်သေနတ်ဒင်ပိတ် (၁)ခု၊ ဂရီနာကျည် (အသုံးပြုမရ) (၅)တောင့်၊ ဂရီနာကျည်ခွံ (၂၀)တောင့်၊ လေသေနတ်ခဲသီးကျည် (အသုံးပြုမရ) (၁)ဗူးတို့ တွေ့ရှိရသဖြင့် သိမ်းဆည်းထားရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment