19.11.13

ဓမ္မစေတီခေါင်းလောင်းသမိုင်း (၂) မျိုးဖြစ်နေ



ဓမ္မစေတီခေါင်းလောင်းဖြစ်ပေါ် လာပုံ သမိုင်းကြောင်းမှာ (၂)မျိုးဖြစ်နေ ကြောင်း UMFCCI တွင် ကျင်းပပြုလုပ် ခဲ့သည့် ဓမ္မစေတီနှင့်ပတ်သက်သည့် စာတမ်းဖတ်ပွဲတွင် ဦးနိုင်ရဲဇော်၏ ပြော ကြားချက်အရသိရသည်။ “ခေါင်းလောင်းပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းကို (၂)မျိုးပြောကြပါ တယ်။ တစ်မျိုးကတော့ ဓမ္မစေတီမင်း ဟာ သူ့ရဲ့ အမတ် (၄)ပါးကို အမြို့မြို့ မှာရှိတဲ့အိမ်စာရင်းယူခိုင်းတဲ့အခါ ကြေး တွေပါကောက်လာခဲ့တယ်။ ဒါကို ဓမ္မ စေတီမင်းက သိတော့ တိုင်းသူပြည် သားတွေကို ပြန်ပေးခိုင်းပါတယ်။ ဒါပေ မယ့် တိုင်းသူပြည်သားတွေက လက်မခံ တော့ဘဲ လှူဒါန်းလိုက်တော့တဲ့အတွက် ရွှေတိဂုံစေတီတော်မှာ ဆွဲလှူဖို့ ခေါင်း လောင်းကြီးသွန်းစေခဲ့တယ်လို့သိရပါ တယ်။ နောက်တစ်မျိုးကတော့ ဓမ္မစေ တီမင်း လက်ထက်မှာ ဗညားကျန်ထော (ရှင်စောပု)ရဲ့ ရွှေတိဂုံစေတီတော်ရဲ့၊ လှူရင်းနယ်မြေကျယ်သည်ဖြစ်၍ ချုံ့ တော်မူပြန်စစ်၊ ချုံ့၍သတ်မှတ်သည့် အတွက် မြေဖိုးအား ဓမ္မစေတီကိုယ် အလေးချိန်နှင့် မိဖုရားအလေးချိန်ရွှေ နှိုင်းချင်းခတ်ပြီးလျှင် ရွှေပုဇွန်ခွံခတ်၍ လှူတော်မူသည်။ ခေါင်းလောင်းကြီး အ၀ (၈)တောင်၊ အတောင် (၁၂) တောင်၊ ကြေးချိန် တစ်သိန်းရှစ်သောင်း ကိုလည်းသွန်းလုပ်ပြီး လှူဒါန်းတော်မူ တယ်လို့ ဆိုတာလည်းရှိပါတယ်” ဟု ဦးနိုင်ရဲဇော်ကပြောသည်။

ဓမ္မစေတီခေါင်းလောင်းသည် မွန် တို့အတွက် အမျိုးသားရေးသင်္ကေတ တစ်ခုဖြစ်သလို အမှတ်လက္ခဏာတစ်ခု ဖြစ်ကြောင်းနှင့် တန်ချိန် (၂၉၀)ကျော် ရှိသည့် အ၀ိန္ဒဆောက်ခေါင်းလောင်း တော်ကြီးကို ၁၄၇၆ ခုနှစ်တွင် မွန်ဘုရင် ဓမ္မစေတီမင်းကြီးက သွန်းလုပ် လှူဒါန်း ခဲ့သည်မှာ သမိုင်းကြောင်းအထောက် အထားများအရ တကယ်ဖြစ်ပျက်ခဲ့ သည့် အကြောင်းအရာဖြစ်ကြောင်း ဦးနိုင်ရဲဇော်၏ ထပ်မံပြောကြားချက်အရ သိရသည်။
“လူမျိုးတိုင်း လူမျိုးတိုင်းမှာ သူတို့ နဲ့ ပတ်သက်တဲ့ သင်္ကေတတွေ၊ အမှတ် လက္ခဏာတွေ ရှိကြပါတယ်။ ကမ္ဘာ့ အကြီးဆုံးခေါင်းလောင်းအဖြစ်၊ သတ် မှတ်ခံထားခဲ့ရတဲ့ ၁၈၃၃ ခုနှစ်မှာ သွန်း လုပ်ပြီး တန်ချိန် (၁၈၀) ကျော်ရှိတဲ့ ၊ ရု ရှားနိုင်ငံ၊ မော်စကိုမြို့မှာရှိတဲ့ ဇာကိုလို တော့ (The Tsarkolokal - 111)ထက် နှစ်ပေါင်း (၂၅၀)ကျော်စောတဲ့ သူ့ထက်တန်ချိန် (၁၀၀)ကျော်လေးတဲ့ တန်ချိန် (၂၉၀)ကျော်ရှိတဲ့ အ၀ိန္ဒ ဆောက်ခေါင်းလောင်းတော်ကြီးကို ၁၄၇၆ ခုနှစ်မှာ မွန်ဘုရင်၊ ဓမ္မစေတီ မင်းကြီးက သွန်းလုပ်ပြီး လှူဒါန်းခဲ့ဘူး တယ်ဆိုရင် ယုံချင်မှတောင် ယုံနိုင်မယ့် အကြောင်းအရာဖြစ်ပေမယ့် သမိုင်း အထောက်အထားတွေအရ တကယ် ဖြစ်ခဲ့တဲ့အကြောင်းအရာတွေပါဘဲ”ဟု ၎င်းင်းကဆိုသည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီး အား ဆယ်ယူမည်ဆိုပါက မွန်တို့သာ ဆယ်ယူမည်ဖြစ်ကြောင်းနှင့် မွန်တို့၏ ခေါင်းလောင်းသာဖြစ်ကြောင်း ၎င်းင်းက ထပ်မံပြောကြားခဲ့သည်။
“ဓမ္မစေတီခေါင်းလောင်းတော်ကြီး ဟာ မွန်ဘုရင် ဓမ္မစေတီမင်းနဲ့ မွန်တိုင်း သူပြည်သားများရဲ့ ချွေးနည်းစာ၊ လုပ် အားနဲ့ သွန်းလုပ်ထားတဲ့ ခေါင်းလောင်း၊ ဓမ္မစေတီခေါင်းလောင်းဟာ မွန်ခေါင်း လောင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ခေါင်း လောင်းကြီးကို ဆယ်စရာရှိရင် မွန်တို့ ဘဲဆယ်မယ်။ သယ်စရာရှိရင် မွန်တို့ဘဲ သယ်မယ်”ဆိုတဲ့ ရည်ရွယ်ချက်ဟာ အရှင်းလင်းဆုံးနဲ့ အပြတ်သားဆုံးရည် ရွယ်ချက်ပဲဖြစ်ပါတယ်” ဟု ၎င်းင်းက ပြောသည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>ကျော်ဝဏ္ဏ

ပို့ဆောင်ရေးသတင်းဂျာနယ်

0 comments:

Post a Comment