19.11.13

အဆင့်မြင့်ပညာ တတိယနှစ် အောင်မြင်ပြီးသူများ ပညာသင်နှစ် လေးနှစ် တွင် အကျုံးမဝင်

အဆင့်မြင့် ပညာတက္ကသိုလ် များကို ပညာသင်နှစ် တစ်နှစ်စီ ထပ်တိုး ထားသော်လည်း ၂၀၁၃ ခုနှစ် တတိယနှစ် သင်တန်း အောင်မြင် ပြီးသူများသည် ပြောင်းလဲထားသော ပညာသင်နှစ် လေးနှစ် အစီအစဉ်တွင် အကျုံးမဝင်ကြောင်း မိတ္ထီလာ စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက The Voice သို့ ပြောကြားသည်။


အဆိုပါ လေးနှစ် ပညာသင်နှစ်ကို ယခုနှစ် တတိယနှစ် စာမေးပွဲ ကျရှုံးသူများ၊ ဒုတိယနှစ်နှင့် ပထမ နှစ် စာမေးပွဲ ဖြေဆိုထားသူများနှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စတင်တက်ရောက်မည့် သူများသာ အကျုံးဝင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။“ဒုတိယနှစ် အောင်သွားတဲ့
 သူတွေက ဒီလေးနှစ်ထဲ ပါသွားမှာမို့ လာမယ့်နှစ် (၂၀၁၄ ခုနှစ်) ဆို စာသင်နှစ် မပြီးသေးလို့ ဘွဲ့ရမယ့်သူ ရှိမှာမဟုတ်ဘူး” ဟု ဒေါက်တာတင်ဝင်းက ပြောဆိုသည်။

ယင်းနှစ်တိုး အစီအစဉ်တွင် တတိယနှစ် စာမေးပွဲ မဖြေခင် တက္ကသိုလ် ဆရာ၊ ဆရာမများက ပြောကြား

ခဲ့ကြောင်း၊ ယခုနှစ် စာမေးပွဲ ကျရှုံးပါက လေးနှစ် ပညာသင်နှစ်တွင် ပါဝင်မည် ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်မှ တတိယနှစ် ကျောင်းသားတစ်ဦးက ဆိုသည်။

သို့သော် ရတနာပုံ တက္ကသိုလ်မှ တတိယနှစ် ကျောင်းသား တစ်ဦးကမူ ယင်းလေးနှစ် စီမံကိန်းတွင် တတိယနှစ် အောင်မြင်ပြီးသူများ ပါဝင်ခြင်း ရှိ၊ မရှိ မသိရှိသေးကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ အဆင့်မီ ပညာရေး ဖြစ်ရန် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များရှိ အထူးပြု ဘာသာရပ်တိုင်းကို ၂၀၁၂ ခုနှစ်တွင် ပညာသင်နှစ် တစ်နှစ်စီ စတင်တိုးမြှင့်ထားပြီး အခြားဝန်ကြီးဌာန တက္ကသိုလ် များတွင်လည်း ယင်းကဲ့သို့ ပညာသင်နှစ် တိုးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

The Voice Weekly

0 comments:

Post a Comment