19.11.13

ရင်သွေးလွယ်ထားရပြီဖြစ်တဲ့ ချမ်းချမ်း

သရုပ်ဆောင်၊အဆိုတော်ချမ်းချမ်း က နိုဝင်ဘာလ ၁၂ရက်နေ့က ‘အချစ် ထက်မက’ ဒီဗီဒီအတွက် စတင်ရိုက် ကူးနေပြီဖြစ်ရာ ‘ကိုယ်သိထားတယ်’ သီချင်းလေးမှာ ဘုဏ်း သိုက်နဲ့အတူ ချမ်းချမ်းက ပါဝင်သရုပ်ဆောင်ထား ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း မှာလည်း တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးကူညီရင်း အနုပညာအလုပ်တွေ ကို လုပ်နေတဲ့ဘုဏ်းသိုက်နဲ့ ချမ်းချမ်း တို့မှာ ခုဆိုရင် ရင်သွေးလေးရှိနေပြီ ဖြစ်ကြောင်းသိရတဲ့ အတွက်မေး ကြည့် ဖြစ်တဲ့အခါ
“မိသားစုတစ်ခုမှာ အသိုက် အမြုံလေးတစ် ခုဖြစ်ဖို့အတွက် အချိန် ဆိုတာပေး ရတယ်။ တချို့ကြတော့ လည်း ကြိုးစားပေမယ့် အချိန်တွေ အများကြီးကြာမှ မိသားစုဘဝလေးရ တယ်။ အဲဒီလိုဆိုတော့ အစ်မတို့က တော့ ခုလို ရင်သွေးလေးကို အချိန် အများကြီးမပေးရဘဲနဲ့ရသွားတဲ့အတွက် ဒါဘုရားပေး တဲ့ကံလို့ ထင်ပါတယ်။ ခုဘယ်နှလရှိပြီ ဆိုတာတော့ သေချာ မပြော တတ်သေးဘူး။ အစ်မကလည်း မမှတ်မိဘူး။သုံးလကျော်လောက်တော့ ရှိလောက်ပြီ၊ခုလောလောဆယ်တော့ SSC မှာ ပြနေတယ်။ ပြီးတော့ ပင်လုံ ဆေးရုံမှာလည်းပြနေတယ်။ ခုလောေ လာ ဆယ်တော့ ဘယ်တော့လောက်မွေးနိုင် မလဲဆိုတာ confirm မဖြစ်သေး ဘူး။ဘာ ဖြစ်လို့ လဲဆိုတော့ အစ်မကနယ်တွေ အရမ်းသွားနေရတဲ့အခါကျတော့ဘယ် အချိန် မှာဘယ်လိုမွေးမလဲ။ ဘယ်လမှာ မွေးမလဲ။ ဘယ်ဆရာဝန်နဲ့ ဘယ်လိုဖြစ် မယ်ဆိုတာ ရွေးတုန်းပဲ။ နေရာလည်း အတိအကျမသိသေးဘူး ။ညီအစ်မ လေးယောက် ထဲမှာ ပထမဆုံးအိမ်ထောင် ကျတယ်။အားလုံး ကတော့ မျှော်လင့် နေကြတယ်။ ဘာလေးဖြစ်မလဲ ပေါ့။ အစ်မအပါအဝင် အားလုံးကလည်း ပျော် နေကြတယ်” လို့ ပြော ပြခဲ့ပါ တယ်။ နိုဝင် ဘာ ၁၆ရက်နေ့မှာ တော့နယ်တန်ဆောင်တိုင် ပွဲတွေမှာသွားရောက်ဖျော်ဖြေ ဖို့ရှိပြီး နိုဝင်ဘာ၂၄ရက်နေ့မှာ ဘန်ကောက် ကိုသွားဖို့ရှိကြောင်းပြောပါ တယ်။

သိမ့်သိမ့်
Popular Journal

0 comments:

Post a Comment