19.11.13

အခြေခံဥပဒေပြင်ရန်လွှတ်တော်ကော်မတီဖွဲ့စည်းဆောင်ရွက်လျက်ရှိ ပြည်သူ့ဆန္ဒသဘောထားအတိုင်းဥပဒေနှင့်အညီလုပ်ဆောင်သွားမည် မှန်ကန်သည့်နည်းလမ်းရွေးချယ်သင့်ကြောင်းသူရဦးရွှေမန်းပြောကြား

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် ချင်းပြည်နယ်
 ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ထန်တလန်
မြို့နယ်တို့မှ ဒေသခံတိုင်းရင်းသားများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ဟားခါးမြို့
 ဈေးသစ်ရပ်ရှိ မြို့တော်ခန်းမ၌ကျင်းပရာ မြို့နယ်များမှ အထောက်အကူပြု ကော်မတီဝင်များ၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်း
သားပြည်သူများတက်ရောက်ကြသည်။


ဟားခါး၊ ဖလမ်း၊ ထန်တလန်
================
အခမ်းအနားတွင် ပြည်နယ်အတွင်းရေးမှူး က ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်း တင်ပြပြီး ဟားခါး၊ ဖလမ်းနှင့် ထန်တလန်မြို့ နယ်တို့မှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီများ၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီများ၊ မြို့မိမြို့ဖများက မိမိတို့မြို့နယ် အလိုက်
ဒေသဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များ ကိုဆွေးနွေးတင်ပြရာ
ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က
ပြန်လည် ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက ပွင့်ပွင့်လင်းလင်းမေးမြန်းချက်များ အပေါ်
ပြန်လည်ရှင်းလင်းတင်ပြသွားမည်ဖြစ် ကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့်လေ့လာတွေးခေါ် ဆွေးနွေးပြီး မိမိတို့ဒေသ၊ မိမိတို့အခြေအနေနှင့် ကိုက်ညီသည်များကို ဥပဒေနှင့်အညီမှန်ကန်သည့် နည်းလမ်းများဖြင့် လက်တွေ့လုပ်ဆောင်ကြရ မည်ဖြစ်ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များ သည် ပြည်သူတို့၏ အကျိုးစီးပွားများဖြစ်ထွန်း ရန် ပြည်သူတို့၏ဆန္ဒနှင့်အညီ
ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ယနေ့နိုင်ငံတော်၏ ပါတီစုံ ဒီမို ကရေစီနှင့်ဈေးကွက်စီးပွားရေးစနစ်ပြောင်းလဲ ကျင့်သုံးဖော်ဆောင်မှုများကို မိမိတို့ပြည်သူများ သာမက နိုင်ငံတကာနှင့်ကမ္ဘာကပါ အသိအမှတ် ပြုလျက်ရှိနေပါကြောင်း။

တိုင်းပြည်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက် မှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
အရှိန်အဟုန်မြှင့်ဆောင်ရွက်မှု စသည်တို့ကိုထိခိုက်မှုမရှိစေဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီဖွဲ့
စည်းပြီး လေ့လာသုံးသပ်လျက်ရှိ ကြောင်း၊ မည်သည့်အရာကို အကောင်အထည် ဖော်ဆောင်ရွက်သည်ဖြစ်စေ တရားဥပဒေနှင့် အညီလုပ်ဆောင်ရမည်ဖြစ်ပြီး အများပြည်သူ တို့၏ဆန္ဒသဘော
ထားနှင့်အညီ ရွေးချယ်ထား သည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသည့် လွှတ်တော်များက ဥပဒေများကို ပြင်ဆင်/ပယ်ဖျက်/အသစ်ပြဋ္ဌာန်းပေးရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တရားမျှတပြီး အများ ပြည်သူတို့လိုက်နာနိုင်သည့်ဥပဒေဖြစ်ရန်လိုအပ် ကြောင်း၊ လွှတ်တော်အတွင်းတွင် ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့်ဘာသာမခွဲခြား ဘဲ စည်းစည်းလုံးလုံး
ညီညီညွတ်ညွတ်ဖြင့်ပြည်သူ တို့၏အကျိုးစီးပွားကို
ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ယခုအခါတောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး တိုင်းရင်းသား အခွင့်အရေးကာကွယ်ရေးဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ရန်
ဆောင်ရွက်လျက်ရှိနေကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း
အခြေအနေအရပ် ရပ်ကိုသိရှိပြီးမှန်ကန်သည့်နည်းလမ်းကို ရွေးချယ် ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ယခု မိမိတို့လျှောက် လှမ်းနေသည့် ဒီမိုကရေစီစနစ်အား အရှိန်အဟုန် မြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
ဒေသ အကျိုး၊ ပြည်သူ့အကျိုး၊ ပြည်ထောင်စုအကျိုးကို မွန်မြတ်သည့်စိတ်စေတနာဖြင့် ဖြည့်ဆည်းဖော် ဆောင်ပေးရန်ပြည်သူ့ကိုယ်စားလှယ်များသာမက ပြည်သူများအားလုံးတွင် တာဝန်ရှိကြောင်း။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ပြင်ဆင်ရေးအပါအဝင် လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်နှင့် နိုင်ငံသား များ၏ အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများပေါ် ထွန်းလာရေး၊ အချင်းချင်း အပြန်အလှန်ထိန်း ကျောင်းရေးနှင့် နိုင်ငံတော်၏ အရအသုံးဆိုင်ရာ ဘတ်ဂျက်အတည်ပြုပြဋ္ဌာန်းရေးတာဝန်များကို လွှတ်တော်ကိုယ်စားလှယ်အားလုံးက ပူးပေါင်း ဆောင်ရွက်ရန်နှင့် မိမိတို့၏ပန်းတိုင်သို့ နောက် ကြောင်းပြန်မလှည့်ဘဲ ဆက်လက်ဆောင်ရွက် သွားကြရန် တိုက်တွန်းကြောင်းပြောကြားပြီး အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခ သည်များကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက ချင်းပြည်နယ်အတွင်းရှိ ပရဟိတဂေဟာများအတွက် အလှူငွေကျပ်သိန်း ၁ဝဝ၊ ဖလမ်းမြို့နယ်အတွင်း မြေပြိုမှုများကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုများ အတွက် အလှူငွေကျပ် ၁၃၃ သိန်းနှင့် နယ်စပ် ရေးရာဝန်ကြီးဌာနမှ ချင်းပြည်နယ် ကျေးလက်
ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ ငွေကျပ်သိန်း ၅ဝဝတို့ကို ပေးအပ်လှူဒါန်းခဲ့ ကြသည်။

တီးတိန်၊ တွန်းဇံ
=========
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် တီးတိန် မြို့နယ်၊ တွန်းဇံမြို့နယ်တို့မှဒေသခံတိုင်းရင်းသား ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ
အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ချင်းပြည်နယ် တီးတိန်မြို့ စကောလမ်းရပ်ရှိ ကမ်းဟောက်ခန်းမ ၌ကျင်းပခဲ့ရာ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ဇနီးဒေါ်ခင်လေးသက်၊
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်
ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့်သူရဦးအောင်ကို နှင့်ဒေါက်တာခင်ရွှေ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးလွင်၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ပြည်နယ်ဝန်ကြီးများ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဝင်များ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး
အထောက် အကူပြုကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာ ယာရေး အထောက်အကူပြုကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူ ချင်းတိုင်းရင်းသားများတက်ရောက်ကြသည်။

ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူးက ဒေသဆိုင် ရာအချက်အလက်များကိုတင်ပြပြီး မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြု ကော်မတီဥက္ကဋ္ဌ များ၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌများ၊ မြို့မိမြို့ဖများက မြို့နယ်များ၏ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကိုဆွေးနွေး တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကပြန်လည်ရှင်းလင်းတင်ပြသည်။

ထို့နောက်ပြည်ထောင်စုလွှတ်တော်နာယက က ကျယ်ကျယ်ပြန့်ပြန့်တွေးခေါ်ဆွေးနွေးပြီး မှန် ကန်သည့်
ဆောင်ရွက်မှုနည်းလမ်းများဖြင့် မိမိ တို့၏လက်တွေ့
ဘဝများကို ဖော်ဆောင်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရန် မြို့နယ်အလိုက်သုံးစွဲခွင့်ရရှိမည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကိုအလေအလွင့်မရှိစေဘဲ မြို့နယ်စီမံ ခန့်ခွဲရေး အထောက်အကူပြုအဖွဲ့များသည် ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အမှန်တကယ် လိုအပ်သည့်နေရာများတွင် အသုံးပြုကြရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီအနှစ်သာရအတိုင်း အများစု၏ ဆန္ဒသဘောထားကို အားလုံးက လိုက်နာကြရမည်ဖြစ်ပြီး အနည်းစု၏ဆန္ဒများကို
လေးစားရမည်ဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်း သားပြည်သူများတောင်းဆိုလျက်ရှိသည့် ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူ အခွင့်အရေးရရှိရေးကိစ္စရပ်များကို ထိထိရောက် ရောက်ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ လိုလားတောင့်တလျက်ရှိသည့် ဒီမိုကရေစီစနစ်ပေါ်ထွန်းလာ
မည်ဖြစ်ကြောင်း ပြောကြားကာ အမျိုးသားလွှတ်တော်ကယ်ဆယ် ရေးနှင့် ဒုက္ခသည်များကူညီစောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက တီးတိန်နှင့် တွန်းဇံမြို့နယ်အတွင်းရှိ ပရဟိတကျောင်းများသို့ အလှူငွေ ကျပ်သိန်း ၁ဝဝ စီလှူဒါန်းပြီးနောက် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ တီးတိန်မြို့ ဖွံ့ဖြိုးတိုးတက်မှုများကို လှည့်လည် ကြည့်ရှုခဲ့သည်။

ဂန့်ဂေါ
=====
သူရဦးရွှေမန်းသည် ယနေ့နံနက် ၉ နာရီ တွင် ဂန့်ဂေါမြို့ရှိ မြစ်သာခန်းမ၌ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်းသိရသည်။

The Union Daily

0 comments:

Post a Comment