19.11.13

ခြင်္သေ့နှစ်ကောင်း မအောင်းလိုတာကြောင့် ထိုးကျွေးခံရသည့် ဒေါ်နော်အုန်းလှ လက်ပံတောင်းအရေး ပြန်လည် ဦးဆောင်မည်

လက်ပံတောင်းတောင် အရေးကိစ္စနှင့်ပတ်သက်၍ သန္ဓေတည်အစပြုလိုက်သူများက ၀က်မှေး
ရွာဟောင်သူ မသွဲ့သွဲ့ဝင်းနှင့် မအေးနက် ဆို
သူဖြစ်သည်။ထိုသူနှစ်ယောက်သည် အညာကျေး
လက်သူများ ပီပီ မဟုတ်မခံ ဈာန်ဈာန်ကျဲ
စိတ်ဓာတ်အပြည့်ရှိသူများဖြစ်ကြသည်။
ထို့ကြောင့်လည်း သူမတို့သည် နိုင်ငံရေးစင်မြင်
့ပေါ်သို့ တဟုန်ထိုးပြေးတက်သွားခဲ့ကြသည်။
လက်ပံောတင်းအရေး အစပြုနေချိန်တွင် ၈၈ မျိုးဆက်အဖွဲ့မှ ကိုမျိုးသန့် ဆိုသူရောက်ရှိလာပြီး တောင်သူလယ်သမား၏ အခွင့်အရေးများ၊ လယ်ယာမြေကာကွယ်ခြင်းဆိုင်ရာ နည်းလမ်းများကို ဒေသခံတောင်သူများထံ ညွှန်ပြပေးခဲ့သည်။ ထို့နောက် ဒီငြိမ်းလင်းနှင့်အဖွဲ့ ၀က်မှေးရွာဟောင်းသို့ ရောက်လာခဲ့သည်။
ထိုစဉ်က ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်အဖွဲ့သည် ရန်ကုန်ဒေသရှိ အထည်ချုပ်စက်ရုံ၊ ဘိနပ်စက်ရုံ၊ အခြား စက်ရုံများရှိ အလုပ်သမားအရေးကိစ္စများကို ဆောင်ရွက်နေခဲ့ကြောင်း သိရသည်။
ထို့နောက် မိုးထိ၊မိုးမိ ရွှေလုပ်သားများကိစ္စသွားရောက်ခဲ့ကျသည်။ ထိုမှတဆင့် လက်ပံတောင်းသို့ ကူပြောင်းပါဝင်လာခဲ့ကျ သည်။
လက်ပံတောင်းဒေသ၏ လှုပ်ရှားမှုအစ အမျိုးသမီးထုကဟု ဆိုလျင်ရနိုင်ပေသည်။ လက်ပံတောင်း ဆန္ဒပြမှုများတွင် အမျိုးသ မီးထုပင် အများစုဖြစ်သည်။ ထို့ကြောင့်လည်း မသွဲ့သွဲ့ဝင်း နေရာရလာခြင်းဖြစ်သည်။
ထိုအချိန်၌ ၂၆ ရွာ ညီညွှတ်ရေးပြိုကွဲစေရန် တပ်လှန့်ခဲ့သူများ ပေါ်ပေါက်လာခဲ့သည်။ ထိုသူများသည် လက်ရှိ ထွက်ပေါက် ပိတ်နေသူများပင်ဖြစ်သည်။
အသိပညာကြီးရင့်ပြီး၊ လူသိများသူ ဒေါ်နော်အုန်းလှသည် ထိုအရပ်သို့ရောက်လာခဲ့သည်။ သူမ၏ နိုင်ငံရေး သြဇာအရှိန် သည် ကြီးမားပြီး လက်ပံတောင်းဒေသခံ အမျိုးသမီးထုအပေါ် လွှမ်းမိုးနိုင်တော့သည်။ ထိုအရာကို မရှု့လိုသော ထွက်ပေါက် ပိတ်လူတစ်စုမှ နော်အုန်းလှအား ထိုးကျွေးရန် ပြင်ဆင်ခဲ့တော့သည်။
ယင်း ပြင်ဆင်ချက်မှာ မုံရွာဘက်ကမ်းသို့ နော်အုန်းလှအား သွားရောက်ဆန္ဒပြရန် အစီအစဉ်ရေးဆွဲခဲ့ပြီး တုံဂူအတွင်းမှ မောင်းထုတ်ခဲ့သည်။ ထိုသူမှ မဟုတ်မမှန် သတင်းလွှင့်ထုတ်ပြန်သည် နော်အုန်းလှက မုံရွာ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် မိမိကိုယ်ကို မီးရှို့၍ အဆုံးစီရင်မည်ဟု ဆိုသည်။
သက်ဆိုင်ရာမှ နော်အုန်းလှကို မဖြစ်မနေဖမ်းဆီးထောင်ချစေရန် တမင်လုပ်ကြံလိုက်ခြင်းဖြစ်သည်။ အကြောင်းမှာ နော်အုန်း လှ တုံဂူအတွင်း၌ ခြင်္သေ့ကဲသို့ အောင်းလာမည်ကို ထွက်ပေါက်ပိတ် လူတစ်စုမှ စိုးရိမ်နေခြင်းကြောင့်ဖြစ်သည်။ ၎င်းကြောင့် နော်အုန်းလှအား ထိုးကျွေးလိုက်ခြင်းဖြစ်သည်။
စေတနာမှန်လျင် ကံဖြစ်သည်ဟု ဆိုရပေမည်။ ယခုလ ၁၅ ရက်နေ့က နော်အုန်းလှ တစ်ယောက် လွှတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွှတ်မြောက်လာခဲ့သည်။ သို့သော် ထွက်ပေါက်ပိတ်လူတစ်စုမှာ နိုင်ငံရေး ဂုဏ်သိက္ခာကိုမှမထောက် ယခုထိတိုင် ထွက်ပေါက်ပိတ်ဘ၀ဖြင့်ရပ်တည်နေရတော့သည်။
နော်အုန်းလှပြန်လာပြီ လက်ပံတောင်းအမျိုးသမီးထုကို သူမဦးဆောင်တော့မည်။ ထွက်ပေါက်ပိတ် လူတစ်စု ဘုံပျောက် တော့မည့်အရေးကြောင့် လက်ပံတောင်းကစားကွက်ပြောင်းလိုက်ပြန်သည်။
၎င်း ကစားကွက်မှာ ဒေသခံရွာသားများ သေနတ်ဒဏ်ရာရခဲ့သည့် အဖြစ်ထိရောက်ခဲ့ရသည်။ မိမိကိုယ်ကို နိုင်ငံရေး ဂုဏ် သိက္ခာကြီးရင့်သူ၊ သူရဲကောင်းစိတ် ပြည့်ဝစွာထားရှိသူ၊ အနစ်နာခံလိုသည့် စိတ်ဓာတ်ရင့်သန်သူဟု အများမှတ်ကျောက် တင်ခံနိုင်ရန် သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့ရှေ့တန်းက မားမားရပ်၍ လက်ပံတောင်း ဒေသခံများနှင့်အတူ ချီတက်ဆန္ဒပြရဲရပေမည်။
ထိုသို့ မဟုတ်ပါက ထိုသူများသည် (၀ါ) ထွက်ပေါက်ပိတ် လူတစ်စုသည် နိုင်ငံရေး အရေခြုံ အဖျက်သမားများပင်ဖြစ်ပေမည်။
စောင်းထက် ( ဆားလင်းကြီး)
Monywa Times

0 comments:

Post a Comment