23.11.13

ကမ္ဘောဇကွင်းလယ်လူ ကျော်ဇေယျာဝင်းကို မလေးရှားကလပ် ပီရက် ခေါ်ယူရန် ဆွေးနွေးနေ

မလေးရှားစူပါလိဂ်ကလပ် ပီရက်မှာ ကမ္ဘောဇအသင်း ကွင်းလယ်လူ
ကျော်ဇေယျာဝင်းကို ခေါ်ယူရန်ေ

ဆွးနွေးနေသည်ဟု အတည်ပြုခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း
သဘောတူညီမှုရရှိလိမ့်မည်ဟုမျှော်
လင့်ထားကြောင်း သိရသည်။ မြန်မာ့ ယူ-၂၃ အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းမှာလက်ရွေးစင်အသင်းတွင်
ခြေစွမ်းပြနေသည့် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် (၂)လခန့်က ယှဉ်ပြိုင်ကစားခဲ့သည့် မာဒေးကာ ဖလားပြိုင်ပွဲမှ ကျော်ဇေယျာဝင်း
၏ ခြေစွမ်းကို နှစ်သက်သည့်အတွက်ခေါ်ယူရန်ဆွေးနွေးနေခြင်းဖြစ်သည်ဟု ပီရက်အသင်း နည်းပြ အဇာအာမက်က အတည်ပြုခဲ့သည်။

အဇာအာမက်က “ပြီးခဲ့တဲ့ နှစ်လတုန်းက ကျင်းပခဲ့တဲ့ မာဒေးကာဖလား ပြိုင်ပွဲမှာ မြန်မာအသင်း ဒုတိယရခဲ့ပြီး ကျော်ဇေယျာဝင်းရဲ့ခြေစွမ်းကိုလည်း ကျွန်တော်တို့ သဘောကျပါတယ်။ ပီရက်အသင်းအတွက်လည်း အကျိုးပြုနိုင်မယ့် ကစားသမားလို့ သုံးသပ်မိတာကြောင့် ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်”ဟုပီရက်အသင်းဝက်ဆိုက်မှတစ်ဆင့်
ပြောကြားခဲ့သည်။

ဇော်ထွန်း(ရိုးရာလေး)

0 comments:

Post a Comment