23.11.13

ပရိသတ်တွေအပေါ် အလေးထားမှုမေ့လျော့စေခဲ့တဲ့ အကြောင်းအရာတစ်ခုအတွက် စိတ်မကောင်းပါဘူးလို့ ဆိုခဲ့တဲ့ နေတိုး

လက်ရှိ ရုံတင်ပြသနေတဲ့ အဖြူရောင်ရဲတိုက်
ဇာတ်ကားကြောင့် နေတိုးရဲ့သတင်းတွေဟာ ဂယက်သဖွယ်ပါပဲ။ သူ့ရဲ့ အနုပညာတွေက ပရိသတ်အတွက် ဒီဇာတ်ကားမှာ
တာဝန်မကျေဖြစ်ခဲ့ရတယ် လို့ ခံစားေ
နရတဲ့သူနဲ့ တွေ့ဆုံတုန်း မေးမြန်းဖြစ်ခဲ့တာေ
တွကတော့ ‘အခုရိုက်နေတဲ့ ကားလေးက ကျီးမနိုးပွဲ၊ မင်းသမီးက အိချောပိုနဲ့ စိုးနန္ဒာကျော်ပါ။ ဒါရိုက်တာက ကိုညိုမင်းလွင်၊ သူနဲ့ပထမဆုံးစဆုံတဲ့ ကားလေးပေါ့။ ဒီဇာတ်ကားလေးက ရိုးရာပွဲတော်လေးတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာပေါ့။ ဒီကားမှာ ဇာတ်ကောင်အနေနဲ့က Delivery ပို့တဲ့ ကောင်လေးတစ်ယောက်။ ပါဆယ်ဗုံးတွေ၊ ပစည်းတွေပို့ပေးတဲ့ Service လုပ်ငန်းကိုလုပ်ကိုင်တာပေါ့။ ဒီကားရဲ့ အဓိကပြချင်တာက ကျီးမနိုးပွဲမှာဖြစ်သွားတဲ့ အဖြစ်အပျက်လေးတစ်ခုကိုအခြေခံပြီး ထိတ်လန့်စရာ၊ ကြေကွဲစရာ၊ ပျော်စရာအဖြစ်အပျက်တွေရောယှက်ပေါင်းစုထားတဲ့ ဇာတ်လမ်းလေးပါ။ ကိုညိုနဲ့ရိုက်ရတဲ့စိတ်ခံစားမှုကတော့ ကိုညိုကားတွေကို အရင်တုန်းကလဲကြိုက်ပါတယ်။ သူ့ရဲ့ဇာတ်လမ်းဇာတ်ကွက်၊ အယူအဆတွေက ကျွန်တော်တို့လူငယ်တွေအရမ်းစိတ်ဝင်စားတဲ့ ဇာတ်လမ်းပုံစံမျိုးတွေဖြစ်တယ်။ ကျွန်တော်အရင်တုန်းကတော့ တစ်ခါမှမရိုက်ဖူးဘူး။ မရိုက်ဖူးဘူးဆိုတာက အကြောင်းကြောင်းကြောင့် ဆုံဆည်းဖို့ခဲယဉ်းခဲ့တယ်။ အခုနောက်ပိုင်းကျတော့ ကျွန်တော်လဲ ဒီဘက်ခေတ်မှာ ပရိသတ်ကို အပြောင်းအလဲဖြစ်အောင်လို့ထိတ်လန့်စရာပါတဲ့။ တွေးစရာလေးတွေပါတဲ့ ၊ ဆိုက်ကိုနဲနဲပါတဲ့၊ ကားလေးတွေ ပရိသတ်ကို ပြချင်လို့ပါ။ သူ့ကားတွေက အတွေးတွေအများကြီးနဲ့ ဇာတ်တစ်ခုကို ခံစားတဲ့နေရာမှာ ကိုယ်ဝင်ပြီးခံစားလေ့ရှိတဲ့ တင်ပြပုံတွေက သူရိုက်လေ့ရိုက်ထရှိတဲ့ပုံစံတွေဆိုတော့ ဒီလိုဇာတ်ပုံစံလေးတွေကို ကျွန်တော့ပရိသတ်ကိုကြည့်စေချင်တဲ့စိတ်နဲ့ရိုက်ကူးခဲ့တာပါ။’ လို့ပြောပါတယ်။

လက်ရှိမှာ ဂယက်ထနေတဲ့ အဖြူရောင်ရဲတိုက်ဇာတ်ကားနဲ့ပတ်သတ်ပြီး ‘အဖြူရောင်ရဲတိုက်က အခုပရိသတ်နဲ့ဖြစ်နေတဲ့ကိစ္ဒတွေက အကုန်လုံးတော့ အဆင်ပြေချော့မွေ့သွားပါပြီ။ အဓိက ကပြဿနာတိုင်းမှာ ကျွန်တော်တို့က သက်ရောက်မှုတိုင်းရဲ့ အကျိုးနဲ့ အကြောင်းကို ပရိသတ်ကို သေချာလေးရှင်းပြလိုက်တဲ့အခါကျတော့ သူ့တို့လဲကျေနပ်သွားကြပါပြီ။ ဒီကားနဲ့ ပတ်သတ်ပြီး ကျွန်တော့်အနေနဲ့ဘာမှထွေထွေထူးထူးပြောစရာမရှိတော့ပါဘူး။ ဒါပေမယ့် အဖြူရောင်ရဲတိုက်ဇာတ်ကားကို ပရက်ရှိုးမှာ ပြန်ကြည့်တဲ့အခါ တချို့ဇာတ်ဝင်ခန်းတွေ လိုနေတယ်လို့တော့ကျွန်တော်ခံစားရပါတယ်။ ဒါရိုက်တာကတော့ ဇာတ်သိမ်းမှာ ကျွန်တော်တို့ရိုက်ကူးထားမှုတွေ ဇာတ်လမ်းရှည်နေတာနဲ့သူတို့က နေတိုးဆင်းလ်တွေကို ဖြတ်တောက်လိုက်ရတယ်လို့ဝန်ခံထားတယ်။ အဲဒီအပေါ်မှာ ဒါရိုက်တာကလဲ သူရဲ့ပေါ့လျော့မှု၊ ညံ့ဖျင်းမှုပဲဖြစ်တယ်လို့ဝန်ခံထားတဲ့အခါကျတော့ ပရိသတ်ကလဲ ဒါကြောင့် ဆိုတာသိသွားတဲ့အခါမှာ ဝေဖန်မှုအပိုင်းလေးတွေ ရပ်သွားတယ်ပေါ့။ ကျွန်တော့ရဲ့သရုပ်ဆောင်မှုတွေကို ဖြတ်တောက်လိုက်တဲ့ အပေါ်မှာ ခံစားရမှုကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး အရှေ့မှာလဲ အင်တာဗျူးတွေဖြေကြားခဲ့ပြီးပြီ။ အရှင်းဆုံးပြောရရင် ကျွန်တော်တို့က ပေးဆပ်တာ၊ အနုပညာလုပ်တယ်ဆိုတာ ပရိသတ်အတွက်၊ အဲဒီတော့ ပရိသတ်ကျေနပ်နိုင်တဲ့ တင်ဆက်မှုမျိုးကိုမလုပ်နိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့အနုပညာ ကျရှုံးတာပဲ။ ဥပမာအားဖြင့် ဇာတ်ကားတစ်ကားမှာ ကျွန်တော်တို့လုပ်ရတဲ့အပိုင်းတွေက အဓိက က အနုပညာရှင်တွေရဲ့ ဇာတ်ကားတွေကို တင်ဆက်တာသည် ပရိသတ်အတွက်၊ အခုကျွန်တော်အင်တာဗျူးနေတယ်။ ဒီလိုမျိုး စာဖတ်ပရိသတ်မရှိရင် မဂ္ဂဇင်းတွေလဲရှိတော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့သည် ပရိသတ်ကို အလေးထားရမဲ့အပိုင်းမှာရှိတယ်။ ဒါကိုမြင်ရတော့ အလေးထားမှု မေ့လျော့စေခဲ့တဲ့ အကြောင်းအရာတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ ပ၇ိသတ်တွေကိုတော့ ကျွန်တော်အနူးအညွတ်တောင်းပန်ထားပါတယ်။ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ ဒါလေးသည်ပြီးပြီးသားကိစ္စဖြစ်တဲ့အတွက် ဒါလေးသည် ဒါကြောင့်ဖြစ်တယ်ဆိုတာ သူတို့သိသွားပြီ။  ဒါလေးကို ခွင့်လွှတ်နားလည်ပေးဖို့အတွက်လဲ ကျွန်တော်ဖျောင်းဖျပေးထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပရိသတ်၊ သူ့ပရိသတ်အပေါ်မှာ ဒီလိုမျိုးဆက်လက်ပြီး  တစ်ဦးတစ်ယောက်ကို ထိခိုက်စေတဲ့ ဝေဖန်မှုမျိုးတွေကိုလဲမလုပ်ပါနဲ့လို့။ ပြောရရင် အဓိက မိန်းက ဒါရိုက်တာပေါ့။ဒါရိုက်တာအပေါ်မှာ သူတို့ သံသယဖြစ်ရင်းကနေ ကြီးမားလာတဲ့ ဝေဖန်မှုတွေဆိုတော့ ရှေ့မှာမကောင်းဘူးပေါ့နော်။ ပရိသတ်တွေကလဲ နားလည်ခွင့်လွှတ်ပေးသွားပြီဆိုတော့ အခုအေးအေးဆေးဆေးဖြစ်သွားပါပြီ။ ဒါပေမဲ့ ပရိသတ်ကလဲ ၀တ္ထုကိုဖတ်ပြီးလာကြည့်ကြတာဆိုတော့ သူတို့ကြည့်ကြတယ်အခါ သူတို့မြင်ချင်တဲ့ သရုပ်ဆောင်မှုလေးတွေမမြင်ရတော့ ခံစားသွားရတယ်နဲ့တူပါတယ်လို့’လို့ နေတိုးက ဖွင့်ဟသွားပါတယ်။

Trend Myanmar

0 comments:

Post a Comment