23.11.13

ဗလီဆောက်ရန် ပြင်နေသည်ဟုဆိုကာ စုံစမ်းစစ်ဆေးပေးရန် သံဃာတော်များ လက်မှတ်ရေးထိုး ကန့်ကွက်

သင်္ဃန်း ကျွန်းမြို့နယ်ရှိ ရပ်ကွက်တစ်ခု ၌ ဗလီဆောက်လုပ်ရန် ပြင်ဆင် နေသည်ကို စုံစမ်းစစ်ဆေးပေးရန် အဆိုပါမြို့နယ်မှ သံဃာတော် ၃ဝဝခန့်က နိုဝင်ဘာ ၂၂ရက် တွင်
လက်မှတ်ရေးထိုး ကန့်ကွက် လိုက်ကြ ကြောင်း သိရသည်။ သင်္ဃန်းကျွန်းမြို့နယ် င/ က ရပ်ကွက် ဇာဝေယာအရှေ့ အ မှတ်(၇၄/၇၅)တွင် အစ္စလာမ် ဘာသာဝင်များ၏ ''အစ္စလာမ့် လင်းရောင်ခြည် ဘာသာရေးအ ခြေခံစာသင်ကျောင်းနှင့် ဝတ်ပြု ဆောင်''မှာ ဟောင်းနွမ်း ပျက်စီးယို ယွင်းလာသည့်အတွက် ပြန်လည်ပြင်ဆင် မည်ဟုဆိုကာ ဗလီဆောက်လုပ် ရန်ကြိုးပမ်းနေခြင်းကို ဖြေရှင်း ဆောင်ရွက်ပေးရန် သင်္ဃန်းကျွန်း မြို့နယ်မှ သံဃာတော်အပါး ၃၀၀ ကျော်ခန့်က လက်မှတ်ရေးထိုး၍ နိုဝင်ဘာ ၂၂ရက်တွင် သင်္ဃန်း ကျွန်း ခရိုင် အုပ်ချုပ်ရေးမှူးရုံးအပါအ ဝင် သက်ဆိုင်ရာအဖွဲ့အစည်းအ သီးသီးသို့ တင်ပြတောင်းဆိုခဲ့ကြ ကြောင်း သိရသည်။

''ပြုပြင်မယ်ဆိုပြီး သူတို့ တင်ပြထားတာက စာသင်ဆောင် တစ်ခုတည်းမဟုတ်ဘဲ ဝတ်ပြု ဆောင်ဆိုပြီး ပါလာတယ်။ ဝတ် ပြုဆောင်ဆိုတာ ဗလီပဲပေါ့။ ဒါကို ဦးဇင်းတို့ မလိုလားဘူး။ ဒါကြောင့် သံဃာတော်တွေ စုပေါင်းလက် မှတ်ထိုး ပြီးတော့ ခုလို ဗလီ ဆောက် လုပ်ဖို့ ပြင်ဆင်နေမှုကို ယာယီ ရပ်ဆိုင်းပြီး ဒီအဆောက်အအုံဟာ အရင်က အိမ်လား၊ အဆောက် အအုံလား၊ စာသင်ဆောင်လား ဆိုတာ သေချာစုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး ဖြေရှင်းဆောင်ရွက် ပေးဖို့တောင်း ဆိုတာ''ဟု လက် မှတ်ရေး ထိုး တောင်းဆိုရာတွင် ပါဝင်ခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် အသောကသီတဂူဆရာတော် ဦးသီရိဒတ္တာလင်္ကာရက မိန့်ကြား သည်။

၄၅ပေ*ပေ၈ဝရှိ တစ်ထပ် အဆောက်အအုံဖြစ်သော 'အစ္စ လာမ့်လင်းရောင်ခြည် ဘာသာ ရေးအခြေခံစာသင်ကျောင်း'မှာ ရာသီဥတုဒဏ်ကြောင့် ဟောင်း နွမ်းပျက်စီးလာသည့်အတွက် ဥပဒေနှင့်အညီ ပြန်လည်ပြင်ဆင် ခွင့်ပြုရန် ဝတ်ပြု ဆောင် ဂေါပက အဖွဲ့က သက်ဆိုင်ရာထံ တင်ပြ တောင်းဆိုခဲ့ခြင်းကြောင့် အဆိုပါ အဆောက်အအုံအား RC Column ၊RC ကြမ်းခင်းဖြင့် အစား ထိုးပြင်ဆင်ပြီး အမိုးလုပ်ငန်းများ ပြုပြင်ရန်နှင့် ကွန်ကရစ်မဆလာ ချောခြင်းများ ပြုလုပ် ရန် တို့ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ရက် နောက်ဆုံးထား၍ ဆောင်ရွက် ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင် နီယာဌာန(အဆောက်အအုံ)၏ ဌာနမှူး လက်မှတ်ရေး ထိုးကာ နိုဝင်ဘာ ၁၉ရက် က ခွင့်ပြုလိုက် ကြောင်း အဆိုပါ ဘာသာရေး အခြေခံစာသင်ကျောင်းနှင့် ဝတ် ပြုဆောင် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဟာဂျီယာရှင်က ပြောသည်။

''ဒီစာသင်ဆောင်ကို တရား ဝင်ခွင့်ပြုချက်နဲ့ ပြန်ပြင်ဖို့လုပ် တာပါ။ ဗလီဆောက်လုပ်မှာ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့အစိုးရ ကို လိမ်လို့မရဘူး''ဟု ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဟာဂျီယာရှင်က ရန်ကုန် တိုင်းမ် နေ့စဉ်သတင်းစာ၏သွား ရောက် တွေ့ဆုံမေး မြန်းမှုကို ဖြေ ကြားခဲ့သည်။

The Yangon Times

0 comments:

Post a Comment