23.11.13

အိုစမာဘင်ဘာဒင်ကို ခြေရာခံနိုင်ရေး ကူညီခဲ့သော ဆရာဝန်ကို စွဲချက်အသစ် လူသတ်မှုတစ်ခုဖြင့် တရားစွဲ

အိုစမာဘင်လာဒင်ကို စီအိုင်အေက ခြေရာခံနိုင်ရေးတွင် အဓိက ကူညီခဲ့သော ပါကစ္စတန် ခွဲစိတ်ဆရာဝန် ရှိက်ကီလ် အဖီဒီကို ပါကစ္စတန်အစိုးရက လူသတ်မှုတစ်ခုနှင့် စွဲချက်တင်လိုက်သည်။


နိုဝင်ဘာ ၂၂ရက်က တရားစွဲဆိုမှုသည် အမေရိကန်အတွက် ဟီးရိုတစ်ယောက် သဖွယ်ဖြစ်သော အဖီဒီမှာ ပါကစ္စတန်အတွက် လူသတ်တရားခံ ဖြစ်ခဲ့ရသည်။

အမေရိကန်သည် ၂၀၁၁ခုနှစ် မေလက ပါကစ္စတန်နိုင်ငံ အစွန်ပိုင်းတွင် ဆရာဝန် အဖီဒီ၏ သတင်းပေးမှုကြောင့် အိုစမာဘင်လာဒင်၏ နေအိမ်ကို ၀င်စီးပြီး သုတ်သင်နိုင်ခဲ့ခြင်း ဖြစ်သည်။

Lashkar-e-Islam အဖွဲ့ဝင်တစ်ဦးဖြစ်သူ အဖီဒိကို ပါကစ္စတန်က လွန်ခဲ့သောနှစ်က ဖမ်းဆီးပြီး ထောင်ဒဏ် ၃၃နှစ် ချမှတ်ခဲ့သည်။

သို့သော် အဖီဒီက သူ့တွင် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့သည်။

ယင်းတရား စီရင်မှုသည် နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပိုမို တင်းမာ သွားစေခဲ့သည်။

သြဂုတ်လကမူ ပါကစ္စတန် အာဏာပိုင်များက ဆရာဝန်ကို အမှုကို မှားယွင်းမှုအဖြစ် သတ်မှတ်ကာ တရားစီရင်မှု ပြန်စစေခဲ့ဖူးသည်။

ယခုစွဲချက်အသစ်မှာ ၂၀၀၅ခုနှစ်က က သေဆုံးခဲ့သော လူနာတစ်ဦး၏ မိခင်က အမှုဖွင့် တိုင်ကြားထားသော ဖြစ်ရပ်ဖြစ်သည်။

ထိုအမျိုးသမီးက အဖီဒီသည် ကိုက်ဘာလွတ်မြောက်ဒေသမှ ဆေးရုံတစ်ခုတွင် သူ၏သားကို အဖီဒီက ခွဲစိတ်ကုသပေးစဉ်က ခွဲစိတ်ပါရဂူမဟုတ်ဘဲ လုပ်ကိုင်ခဲ့သဖြင့် သူ၏ သားမှာ သေဆုံးသည်ဟု စွတ်စွဲထားသည်။

အဖီဒီ၏ ရှေ့နေ ဆန်မီလာအဖီဒီက သောကြာနေ့ နံနက်တွင် ကိုက်ဘာအာဏပိုင်များက သူ၏အမှုသည်မှာ လူသတ်မှုကျူးလွန်ထားသည်ဟု အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

ဆရာဝန်နှင့် သူ၏ရှေနေတို့၏ မျိုးရိုးအမည်များမှာ အဖီဒီချည်းသာ ဖြစ်သော်လည်း သူတို့နှစ်ဦးမှာ ဆွေမျိုး တော်စပ်ခြင်း မရှိဟု သိရသည်။

Ref: Reuters
The Myanma Age

0 comments:

Post a Comment