8.12.13

အဂူရိုမှာ ဆွာရက်ဇ်ထက် ပိုကောင်းသည်ဟု ပယ်လီဂရီနီပြောကြား

မန်နျူ ရယ်ပယ်လီဂရီနီက လူးဝစ်ဆွာရက်ဇ်မှာ ပရီးမီးယားလိဂ်တွင်
စတားတိုက်စစ်မှူးတစ်ဦးသည် ယုံကြည်သော်လည်း ဆာဂျီယိုအဂူရိုက
ပိုမိုကောင်းမွန်သည်ဟု ယုံကြည်ကြောင်း ပြောကြားသွားခဲ့သည်။

လီဗာပူးတိုက်စစ်မှူးသည် ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်စာရင်းတွင်


သွင်းဂိုး(၁၅)ဂိုးဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး မန်စီးတီးတိုက်စစ်မှူး
အဂူရိုက သွင်းဂိုး(၁၂)ဂိုးဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။
ပယ်လီဂရီနီသည် ပြီးခဲ့သည့်လက အဂူရိုမှာ ခရစ္စတီယာနိုရော်နယ်ဒို
နှင့်မက်ဆီတို့ ပြီးလျှင် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ကြောင်း
နှင့် ပေါ်တူဂီနှင့်အာဂျင်တီးနားစတားနှစ်ဦးတို့က လာလီဂါတွင်
ကစားနေကြ၍ အဂူရိုမှာ ပရီးမီးယားလိဂ်၏အကောင်းဆုံးကစားသမား
ဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့ဖူးသည်။

ယခုတစ်ဖန် ပယ်လီဂရီနီက“ဆွာရက်ဇ်က အရမ်းကို အရေးပါတဲ့
တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ဆာဂျီယို ပွဲတွေမှာ ပိုပြီး
တော့ အလုပ်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဆာဂျီယိုရဲ့အသက်က
(၂၅)နှစ်ပဲရှိပါသေးတယ်။ သူ အများကြီး တိုးတက်လာနိုင်ပါသေး
တယ်။ ဒီနှစ်မှာဆို သူအများကြီး တိုးတက်လာတယ်။ ပွဲတွေ
အတွင်းမှာ သူ့ရဲ့လုပ်အားနှုန်း ပိုပြီးတော့ ကောင်းမွန်လာ
ပါတယ်။ သူက အမြဲတမ်း ထိပ်တန်းကစားသမားဖြစ်ပါတယ်။
သူက အမြဲတမ်း ဂိုးသွင်းနေတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် အခု
အချိန်မှာ ဘောလုံးမရတဲ့အချိန်မှာ ကစားတာ ပိုကောင်းလာတယ်။
ကျွန်တော်ဟာ သူ့ကို ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူး
လို့ မပြောခဲ့ပါဘူး။ သူက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး
ကစားသမားလို့ပဲ ပြောခဲ့တာပါ။ သူ့ထက် ပိုကောင်းတဲ့
တိုက်စစ်မှူး ဒီမှာ ရှိနိုင်ပါတယ်။ ဒါပေမယ့် သူ့လောက်
ပြီးပြည့်စုံမှု မရှိပါဘူး”ဟု ပြောကြားခဲ့သည်။

Goal Myanmar

0 comments:

Post a Comment