8.12.13

ရန်ကုန်တွင် လူ့အခွင့်အရေးနေ့ အခမ်းအနား (၂)ရက်ဆက်တိုက် ကျင်းပမည်

လာမည့် ဒီဇင်ဘာ(၁၀)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားကို လှိုင်မင်္ဂလာခန်းမနှင့် Excel Treasure Towel Hotel တို့တွင် (၂)ရက်ဆက်တိုက် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော လူ့အခွင့်အရေးနှင့် ပတ်သက်သော အကြောင်းအရာ (၈)ခုအား အချိန် (၂)ပိုင်း ခွဲကာ

ဒီဇင်ဘာလ (၉)ရက်နေ့တွင် လှိုင်မင်္ဂလာခန်းမ၌ တက်ရောက်လာသူများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသော သုံးသပ်ချက်များကို ညနေပိုင်းတွင် ပြန်လည်တင်ပြမည်ဖြစ်ကြောင်း လူ့အခွင့်အရေး ပညာပေးဌာန ဒါရိုက်တာ ဦးအောင်မျိုးမင်း မှ ပြောကြားသွားသည်။

အဆိုပါဆွေးနွေးသုံးသပ်ချက်များကို ဒီဇင်ဘာလ(၁၀)ရက်နေ့ Excel Treasure Towel Hotel တွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ပြန်လည် တင်ပြမည်ဖြစ်ကြောင်း သိရသည်။

လာမည့် ဒီဇင်ဘာလ (၁၀)ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ပေါ်ပေါက်လာခြင်း (၆၅)နှစ်ပြည့် အထိမ်းအမှတ်ဖြစ်သည်။ အဆိုပါနေ့ကို တစ်ကမ္ဘာလုံးမှလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ကာ ကျင်းပခြင်းများ ရှိသည်။

ဖိုးစနေ
မြန်မာ့ခေတ်

0 comments:

Post a Comment