8.12.13

ဗြိတိန်မှ မရိန်းတပ်သားတစ်ဦး ဒဏ်ရာရ တာလီဘန်ကို သတ်မှုဖြင့် ထောင်၁၀နှစ်ကျ

ဗြိတိန်မှ မရိန်းတပ်သားတစ်ဦးသည် ဒဏ်ရာပြင်းထန်စွာ
ရထားသော တာလီဘန်တစ်ဦးကို သတ်ဖြတ်ခဲ့သည့်အတွက် စစ်ဘက်ဆိုင်ရာတစ်ရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်သည်။
ဒီဇင်ဘာ ၆ရက်က တပ်ကြပ်ကြီး အလက်ဇန်းဒြား ဘလက်မဲန် ၃၉နှစ်ကို ၂၀၁၁ခုနှစ်က

ဟယ်လ်မန်းဒ်ပြည်နယ်တောင်ပိုင်းတွင် တာလီဘန်
တစ်ဦးကို ပစ်သတ်မှုဖြင့် လွန်ခဲ့ သောလကတည်းက ရုံးတင်
စစ်ဆေးခဲ့သည်။

သူ၏ သုတ်သင်မှုကို ဦးထုတ်တွင် တပ်ထားသည့် ကင်မရာဖြင့် မှတ်တမ်းတင်ထားခဲ့ရာမှ အထင်ရှားဆုံ သက်သေခံ ပစ္စည်း
ဖြစ်သွားသည်။

အမှုကိုစီရင်ချိန်တွင် တရားသူကြီးက ရှေ့နေချုပ် ဂျက်ခ်ဘလက်ကတ်က ဘလက်မဲန်ကို သင်သည် အာဖဂန်သားကို သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့သည်။ အာဖဂန်တွင် စစ်မှုထမ်းနေသည့် ဗြိတိန်
တပ်ဖွဲ့များအပေါ် သစ္စာဖောက်သည့် လုပ်ရပ်လည်း ဖြစ်သလို
သူတို့၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်ပျက်စီးစေခဲ့သည်ဟု
ဆိုခဲ့သည်။

ဘလက်မဲန်၏ လက်အောက်မှ စစ်သားနှစ်ယောက်မှာ စစ်ဆေးခဲ့ကြပြီး
ဖြစ်သည်။သူတို့က အာဖဂန်တွင် ကင်းလှည့်နေစဉ်အတွင်း
ရဟတ်ယာဉ်မှ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရထားသော တာလီလန် တစ်ဦးကို တွေ့ခဲ့ကြကြောင်း၊ သူ့ကို သစ်ပင်ရိပ်တစ်ခုအောက်
ခေါ်သွားပြီး နောက်ပိုင်း ဘလက်မဲန်က သေနတ်ဖြင့်
ပစ်သတ်လိုက်ကြောင်း ၀န်ခံခဲ့ကြသည်။

ယခုလုပ်ရပ်သည် ဂျနီဗာသဘောတူညီမှုကို ချိုးဖောက်ရာ
ရောက်သော ပြစ်မှုမြောက်သည့် လုပ်ရပ်ဖြစ်သည်။

Ref: Al jazeera
မြန်မာ့ခေတ်

0 comments:

Post a Comment