8.12.13

တစ်ပတ်ပေါင်(၂)သိန်းရမယ့် လီဗာပူးလ်ရဲ့ စာချုပ်သစ်ကို စိတ်မ၀င်စားတဲ့ ဆွာရက်ဇ်

လီဗာပူးလ် တိုက်စစ်မှုး လူးဝစ်ဆွာရက်ဇ်သည် လီဗာပူးလ်အသင်းမှ ကမ်းလှမ်းထားသော စာချုပ်သစ်ကို ဆွေးနွေးရန် ငြင်းဆန်သွားခဲ့သည်။ ဆွာရက်ဇ်အနေဖြင့် လီဗာပူးလ်တွင် ပျော်ရွှင်နေကြောင်း ထုတ်ဖော်ပြောကြား သွားခဲ့သော်လည်း၊ စာချုပ်သစ် ဆွေးနွေးရေးကို စဉ်းစားသွားအုံးမည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။


Mail on Sunday ၏အဆို အရ လီဗာပူးလ် အသင်းသည် ဆွာရက်ဇ်၏ တန်ကြေးအား ပေါင်သန်း (၁၀၀)အထိ သတ်မှတ်ထားကြောင်း သိရသည်။ ထို့ကြောင့် စာချုပ်သစ်တွင် လုပ်ခလစာ အနေဖြင့် တစ်ပတ်ပေါင်(၂)သိန်း ပေးချေသွားမည် ဖြစ်ပြီး၊ စာချုပ်လျော်ကြေးအဖြစ် ပေါင်သန်း(၁၀၀) အထိ ပေးချေရမည့် အချက်ကို ထည့်သွင်းထားသည်။

ရီးရဲလ်မက်ဒရစ် အသင်းသည် ဆွာရက်ဇ်အား ၎င်းတို့၏ နံပါတ်(၁) ပစ်မှတ်အဖြစ် သတ်မှတ်လာပြီး နောက်ပိုင်း၊ လီဗာပူးလ် အသင်းက ယခုကဲ့သို့ စာချုပ်သစ်ကိစ္စရပ်များ စိုင်းပြင်းလုပ်ဆောင်လာသည်။

Written by အောင်ဇော်လတ်(မိုးနဲ)
Football Café

0 comments:

Post a Comment