8.12.13

မဲဆောက် ရွှေ့ပြောင်းပညာရေး တက္ကသိုလ်ဝင်တန်းအတွက် ဘာသာစုံ ထောက်ကူသင်ကြားပေးနေ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၏ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုကြမည့် ထိုင်းနိုင်ငံမဲဆောက် မြို့  မြန်မာရွှေ့ပြောင်းထောက်ပံ့မှု ပညာရေးဖောင်ဒေး ရှင်းမှ မြန်မာရွှေ့ ပြောင်း ကျောင်းသားများအတွက် ဆရာတော် ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒ၏ စီစဉ်မှုဖြင့် မန္တလေးမြို့ "စံဟိန်း" ပညာရေး ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ
ဦးဝင်းနိုင်(သင်္ချာ) ဦးဆောင်သော ဘာသာရပ်သင်ဆရာ ၇ ဦးသည် ဘာသာစုံထောက်ကူသင်ကြားပေးရန်အတွက် ယနေ့ ၈-၁၂-၂၀၁၃ရက် နေ့လည် ၁၂း၃၀ အချိန်တွင် လေကြောင်းခရီးဖြင့် မဲဆောက်မြို့သို့  ထွက်ခွာသွားသည်ဟု သတင်းရရှိသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် မြန်မာရွှေ့ပြောင်းကျောင်းသား ၁၅၀ နှင့် သူငယ်တန်းမှ တက္ကသိုလ် ၀င်တန်းအထိ ၁၅၀၀ ဦးရှိသည်ဟုသိရသည်။ အဆိုပါကျောင်းသားများအတွက် ကျောင်းသားပြဌာန်းစာအုပ်များကို နှစ်စအချိန်မှစရ်ျ ယူနီကာလာမိသားစုမှ လှူဒါန်းခဲ့သည်ဟု သိရသည်။

The Street View

0 comments:

Post a Comment