21.12.13

ထိုင်းပွဲ ဒိုင်ဆုံးဖြတ်ချက်အမှားများအပေါ် တရားဝင်စာတင်မည်.

မြန်မာ-ထိုင်းပွဲ ဒိုင်ဆုံးဖြတ်ချက်အမှားများအပေါ် တာဝန်ရှိသူတွေ
သိစေချင်၍တရားဝင်စာတင်မည်ဟု ဦးဇော်ဇော်ကယမန်နေ့ ညက
ကျင်းပပြီးစီးခဲ့သည့်၂၇ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံး
အားကစားပွဲ၏ ဗီယက်နမ်-ထိုင်းဗိုလ်လုပွဲအပြီးတွင် ပေါ်ပြူလာ


သတင်းဂျာနယ်မှ မေးမြန်းချက်အား ပြန်လည် ဖြေကြား
သည်။အကြိုဗိုလ်လုပွဲစဉ်တစ်ရပ်ဖြစ်သည့်မြန်မာ-ထိုင်း အမျိုးသမီး
ဘောလုံးပွဲ ယဉ်ပြိုင်ခဲ့ရာမှ ဒိုင်ဆုံးဖြတ်ချက်အမှားများအပေါ် အာာရှ
ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ သိစေချင်ရ်ျ တရားဝင်စာတင်
သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦး ဇော်ဇော်
ကပြောကြားရာထိုဆုံးဖြတ်ချက်အမှားများကြောင့် မြန်မာအသင်းများစွာ
နစ်နာခဲ့ရပြီး ပွဲအဖြေပြောင်းလဲမသွားနိုင်ပေမယ့် ဒိုင်ဆုံးဖြတ်ချက်အမှား
များကြောင့် ပွဲအဖြေပြောင်းလဲခဲ့ရသည်ဟု၎င်းက အဆိုပါပွဲနှင့်ပတ်
သက်ပြီး ဒိုင်ဆုံးဖြတ်ချက်အားတရားဝင်စာတင်သွားမည်ဖြစ်ပြီး
အသင်းမန်နေဂျာမှReport ရေးပြီးသွားပြီဖြစ်ကြောင်း “ပွဲအဖြေပြောင်း
ဖို့မဟုတ်ပါဘူး။ ဒါပေမယ့် ဒိုင်ဆုံးဖြတ်ချက်ကြောင့် ပွဲအဖြေက ပြောင်း
သွားတယ်။ မြန် မာအသင်းအတွက်အများကြီး နစ်နာတယ်ကျွန်တော်
တို့ကစားသမားတွေ အများကြီးကြိုးစားခဲ့တယ်။ တာဝန်ရှိ သူတွေ
ဒိုင်ရဲ့အမှားတွေကို သိစေချင်လို့ တရားဝင်စာတင်သွားမယ်”ဟုဆိုသည်။
ထို့အပြင် မြန်မာအမျိုးသမီးဘောလုံအသင်းနည်းပြ ကုမာဒက လည်း အရည်အချင်းပြည့်မီချင်းမရှိဘဲ အာရှ အဆင့်ရှိသောပွဲတွေအားမကိုင်
တွယ်သင့်ကြောင်း ဒိုင်ဆုံးဖြတ်ချက်အမှားကြောင့် မြန်မာအသင်းများစွာ
နစ်နာခဲ့ ပြီး ဒိုင်ဆုံးဖြတ် ချက်များအပေါ် ထိုင်း-မြန်မာဘောလုံးပွဲအပြီးသတင်း စာရှင်းလင်းပွဲတွင် ပြင်းထန်စွာ ဝေဖန်ခဲ့ သည်။
ယခုလ ၁၈ရက်နေ့တွင်ကျင်းပသော မြန်မာ-ထိုင်းအမျိုးသမီးဘောလုံး
အကြိုဗိုလုပွဲတွင် ပထမပိုင်း ၁၂ မီးနစ်တွင် သန်းသန်းထွေးသွင်းယူသော
ဂိုးတွင် ဂိုးဝင်ပြီးမှ လူကျွံဘောဟုဆိုကာ စည်းကြပ်ဒိုင်မှ
အလံထောင် ခြင်း၊ မြန်မာအသင်းဘက်သို့သွင်းယူသောဂိုးတွင် လူကျွံဘောအနေထားမှသွင်းယူသော်လည်း ၈ိုးအဖြစ်သတ် မှတ်ခြင်း
များကြောင့် တစ်ဖတ်တစ်ဂိုးဖြင့် သရေကျခဲ့ရပြီး ပယ်နယ်တီအဆုံး
ဖြတ်ဖြင့် မြန်မာအသင်းရှုံးနိမ့်ခဲ့ရခြင်းဟုအများစုကယုံကြည်နေကြသည်။


Popular Myanmar News Journal

0 comments:

Post a Comment