20.12.13

မန်ချက်စတာနှစ်သင်း မဆုံတွေ့ခဲ့သည့် ကက်ပီတယ်ဝမ်း ဆီမီးဖိုင်နယ်

ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ် မဲခွဲမှုများ ပြုလုပ်ခဲ့ရာတွင် မန်ချက်စတာနှစ် သင်း ရှောင်လွဲနိုင်ခဲ့သည်။ စတုတ်စီးတီးကို
အနိုင်ရခဲ့သည့် မန်ယူမှာ ဆန်းဒါးလန်း အသင်းနှင့် တွေ့ဆုံနေပြီး ၎င်းတို့အတွက် ၁၃ကြိမ်မြောက် လိဂ်ဖလား ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခြင်းဖြစ်လာခဲ့သည်။



ထို့အပြင် လက်စတာကို သက်သောင့်သက်သာ အနိုင်ရခဲ့သည့် မန်စီးတီးမှာ စပါးကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ် တက်လှမ်းလာသည့် ၀က်စ်ဟမ်းအသင်းနှင့် ကစားရမည်ဖြစ်သည်။ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်များကို ဇန်န၀ါရီ(၆)ရက်နေ့တွင် ကစားကြမည်ဖြစ်ပြီး ဆန်းဒါးလန်းနှင့် မန်စီးတီးတို့အတွက် ပထမအကျော့ အိမ်ကွင်းပွဲစဉ်များဖြစ်သည်။ ဒုတိယအကျော့ကိုမူ ဇန်န၀ါရီ ၂၀ရက်တွင် ကစားမည်ဟု သိရသည်။

http://yoyarlay.com/sport/football/39336-2013-12-19-18-40-58

0 comments:

Post a Comment