10.12.13

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုကိစ္စ ကက်သလစ် ဂိုဏ်းချုပ်တောင်းပန်

သြစတြေးလျနိုင်ငံမှာရှိတဲ့ ကက်သလစ် ဘုန်းကြီးတချို့က ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ကျုးလွန်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကက်သလစ် ဂိုဏ်းချုပ် ဆရာတော်တစ်ပါးက ပြည်သူတွေကို တောင်းပန်လိုက်ပါတယ်။

ကလေးသူငယ်တွေလိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုခံရတာနဲ့ပတ်သက်ပြီး ကက်သလစ်ကျောင်းတွေရဲ့ တာဝန်ယူမှုတွေ ဘယ်လိုရှိသလဲဆိုတာကို သြစတြေးလျနိုင်ငံ တော်ဝင် စုံစမ်းစစ်ရေး ကော်မရှင်အဖွဲ့က စုံစမ်းစစ်မှုတွေ ပြုလုပ်လာတဲ့နောက်ပိုင်းမှာပဲ ဂိုဏ်းချုပ်ဖြစ်တဲ့ ဆရာတော် Timothy Costelloe က အခုလို တောင်းပန် စကား ပြောကြားလိုက်တာဖြစ်ပါတယ်။

ကက်သလစ်ကျောင်းတွေအနေနဲ့ ကလေးသူငယ်တွေ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ကျူးလွန်မှု ရှိတာတွေကို အရေးယူမှုတွေနဲ့ အကာအကွယ်ပေးမှုတွေ ထိထိရောက် မလုပ်ပေးနိုင်ခဲ့တဲ့အပေါ်



သူ့အနေနဲ့ အရမ်းကို စိတ်မကောင်း ဖြစ်ရတဲ့အကြောင်းနဲ့ ဒီကိစ္စတွေကို ရပ်တန့်နိုင်ဖို့အတွက် ကက်သလစ်ကျောင်းတွေက ထိထိရောက်ရောက် လုပ်ဆောင်မှုတွေမရှိခဲ့ ဘူးလို့လည်း ဆရာတော်ကပြောဆိုလိုက်ပါတယ်။

၁၉၉၆ ခုနှစ်ကစပြီးတော့ ကက်သလစ် ဘုန်းကြီးတွေအနေနဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး လျှော်ကြေးငွေ ဒေါ်လာသန်း ၄၀ ကျော် ပေးခဲ့ပြီလို့ သိရပါတယ်။

ABC Radio Australia

ကက်သလစ်ဘာသာဘုရားကျောင်း (Credit: ABC)

0 comments:

Post a Comment