10.12.13

အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူ ၃ဦး ထောင်ဒဏ်ချမှတ်ခံရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလထဲမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရခိုင်လူမျိုး ၈ ဦးထဲက သုံးဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်ပြီး ကျန် ၅ ဦးကိုတော့ တရားရုံးက လွတ်ပေးလိုက်တယ်လို့ သိရပါတယ်။

စစ်တွေ ခရိုင် တရားရုံးကနေ မနေ့က အမိန့်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ တရားလွတ်တော်ချူပ်ရှေ့နေက အခုလို ပြောပါတယ်။

မောင်သိန်းနဲ့ မောင်ကျော်လှိုင်တို့ကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ၊ မီးရှို့မှုနဲ့ ဦးစိုးဖြုကို ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်တယ်ဆိုတဲ့ အကြောင်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။ ဇော်မိုးထွန်း၊ ညီပု၊ ကိုဇော်မင်းနိုင်၊ ဦးတင်လှ ၊ ဦးအောင်ကျော်စိန်၊ ဦးပြည်သိန်းအောင် တို့ကို အပြစ်မရှိဘူးလို့ တရားသေလွတ်တဲ့ အမိန့်ကို ချမှတ်ခဲ့ပါတယ်။



မြောက်ဦးမြို့နယ် ရိုင်းသဲကျေးရွာမှာ ပြီးခဲ့တဲ့နှစ်တုန်းက အကြမ်းဖက် ပဋ္ဋိပက္ခ ဖြစ်ပွားခဲ့တာတွေနဲ့ ပတ်သက်ပြီး ရိုင်းသဲကျေးရွာအပါအ၀င် အနီးနားမှာရှိတဲ့ ကျေးရွာ ၃ ရွာက ဒေသခံ ၈ ဦးကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလထဲမှာ ဒေသခံရဲတပ်ဖွဲ့ကနေ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ထောင်ဒဏ် အသီးသီးချမှတ်ခံရသူတွေရဲ့ မိသားစုဝင်တွေအနေနဲ့ အခုလို ပြစ်ဒဏ်ချမှတ်ခံရမှု အပေါ် အယူခံဝင်ချင်မယ်ဆိုရင် အထက်တရားရုံးကို ဆက်အယူခံဝင်နိုင်မှာ ဖြစ်ကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ ထားပါတယ်။

ABC Radio Australia

စကိုင်းတိုင်း တပ်ကုန်းရွာမှာ ဖြစ်ခဲ့တဲ့အကြမ်း မီးရှို့မှု (Credit: Reuters)

0 comments:

Post a Comment