16.1.14

လျှပ်စစ်အပူချိန်လွန်ကဲမှုကြောင့် စမ်းချောင်းနှင့် ကမာရွတ်မြို့နယ်တို့တွင် တစ်ညတည်းမီးလောင်ကျွမ်းမှု ဆက်တိုက်ဖြစ်ပွား

ရန်ကုန်မြို့ရှိ စမ်းချောင်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့တွင် လျှပ်စစ်အပူချိန်လွန်ကဲမှုကြောင့် ဇန်န၀ါရီ ၁၅ ရက်၊ ည ၈ နာရီခန့်က တစ်ညတည်း မီးလောင်ကျွမ်းမှု ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။


စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ သံတံတားရပ်ကွက်၊ တရုတ်ကျောင်းလမ်းရှိ အိမ်အမှတ် ၂၁ တွင် အဲယားကွန်းဖွင့်ထားရာမှ အဲယားကွန်းအတွင်းရှိ မိန်းကွိုင်ထုပ် အပူလွန်ကဲပြီး စတင်လောင်းကျွမ်းခြင်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှသိရသည်။

“မီးလောင်မှုကြောင့် လူအထိအခိုက်၊ ဒဏ်ရာရတာတွေ မရှိခဲ့ပါဘူး။ ဒါပေမဲ့ စလောင်တဲ့နှစ်ထပ်အိမ်ကနေ ဘေးကပ်လျက် သုံးလွှာကို မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပါတယ်”ဟု စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ အင်းစိန်လမ်းမ နှင့် စံရိပ်ငြိမ် ၄ လမ်းထိပ်ရှိ တိုက်အမှတ် ၅၄ ပထမထပ် Top Star မိုဘိုင်းဖုန်းပြုပြင်ရေး သင်တန်းအခန်းတွင် ထမင်းပေါင်းအိုး တည်ထားရာမှ အပူလွန်ကဲကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယင်းအခန်းမှ မီးခိုးများထွက်လာသည်ကို အနီးပတ်ဝန်းကျင်ရှိ လူများမှစတင်သိရှိပြီး ၀င်ရောက်ငြှိမ်းသတ်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် လူအသေအပျောက်၊ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment