16.1.14

အာဆီယံအစည်းအဝေးများ ကျင်းပရေးလုပ်ငန်းများနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စရပ်များအတွက် သမ္မတရုံးမှ ကျပ် ၁၉ ဘီလျံကျော် သုံးစွဲရန် လျာထား

အာဆီယံအစည်းအဝေးများ ကျင်းပရန် အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းများနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် သမ္မတရုံးမှ ကျပ် ၁၉ ဘီလျံကျော် (ကျပ်သန်းပေါင်း ၁၉၀၀၀ ကျော်) သုံးစွဲရန် လျာထားကြောင်း နေပြည်တော်ကောင်စီဝင် ဦးကံချွန်က ဇန်န၀ါ ရီ ၁၅ ရက်က ပြု လုပ်သော ပြည်ထောင် စုလွှတ်တော်အစည်းအဝေးတွင် ပြောကြား သည်။


နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးကိုယ်စားလွှတ်တော်သို့ တင်ပြရှင်းလင်းရာတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုတင်ပြတဲ့ ဆောင်ရွက်ဆဲလုပ်ငန်းသုံးခုအတွက် အဆိုပြုတင်ပြငွေစုစုပေါင်း ကျပ်သန်း ၁၂၆၉၁ ဒသမ ၅၂၆ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ နောက်တစ်ခုကတော့ လုပ်ငန်းစီမံကိန်း ၁ ခေါင်းစဉ်အောက်မှာ တိုင်းရင်းသားနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စရပ်များအတွက် ကျပ်သန်း ၇၀၀၀ (ကျပ်သန်းခုနစ်ထောင်) လျာထားရေး ဆွဲထားပါတယ်။ ဒါကြောင့် ဆောင်ရွက်ဆဲနှင့် စီမံကိန်းသစ်နှစ်ရပ်ပေါင်းအတွက် လျာထား ငွေမှာ ကျပ်သန်း ၁၉၆၉၄ ဒသမ ၅၂၆ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်”ဟု ဦးကံချွန်က Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

Eleven Media Group

0 comments:

Post a Comment