16.1.14

ကမ္ဘာ့စီးပွားရေး ပြန်ကောင်းလာမယ်လို့ ကမ္ဘာ့ဘဏ်ပြော

ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ ကမ္ဘာ့ဖွံ့ဖြိုးဆဲ နိုင်ငံတွေသာမက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပါ စီးပွားရေးအခြေအနေ ပြန်လည်ကောင်းမွန် လာပြီလို့ ဆိုပါတယ်။ ကမ္ဘာ့စီးပွားရေး ပျက်ကပ်မှု ဖြစ်ပေါ်ပြီး ငါးနှစ်အကြာမှာပဲ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာတာဖြစ်ပြီး ဒီလို ဖွံ့ဖြိုးတိုးတက်မှုမျိုး နောက်ထပ် သုံးနှစ်ဆက်တိုက် ဖြစ်ပေါ်ဖို့ ရှိတယ်လို့လည်း ဟောကိန်း ထုတ်ထားပါတယ်။


ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ စီးပွားရေး ကောင်းလာရင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေပါ အကျိုးခံစားရလေ့ရှိပြီး ဈေးကွက်တိုးချဲ့တာတွေ လုပ်နိုင်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံရဲ့ ဗဟိုဘဏ်ကနေ စီးပွားရေးတိုးတက်မှုကို လှုံ့ဆော်ပေးတာတွေ လျော့ချလိုက်တဲ့အတွက် ကမ္ဘာ့စီးပွားရေးအတွက် ပြဿနာကြီး ဖြစ်လာနိုင်ပြီး ဘဏ်တွေရဲ့ အတိုးနှုန်းမြင့်တက်လာနိုင်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုပါ ထိခိုက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

ABC Radio Australia

0 comments:

Post a Comment