16.1.14

ဆီးရီးယားအတွက် အလှူရှင်တွေက ဒေါ် ၂ ဘီလီယံခွဲ ကူညီမယ်

ဆီးရီးယားနိုင်ငံကို ကူညီဖို့အတွက် ဒေါ်လာ ၂ ဘီလီယံ ခွဲ အကူအညီပေးသွားမယ်လို့ ကူဝိတ်မှာ ကျင်းပမယ့် အလျှူရှင်များ အစည်းအဝေးမှာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အခုပေးမယ့် ပမာဏဟာ ဆီးရီးယား လူမှုအကူအတွက် လိုအပ်မှုရဲ့ ထက်ဝက် ပဲ ရှိပါတယ်။

ဆီးရီးယား ပြည်သူ ၉ သန်းကျော်ဟာ လူမှု အကူအညီတွေ လိုအပ်နေသေးတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။

ဆီးရီးယား ပြည်တွင်းစစ်ကြောင့် အိမ်နီးချင်းကို ထွက်ပြေးခဲ့ရတဲ့ စစ်ရှောင်ဒုက္ခသည် ၂ သန်းဟာလည်း အကူအညီ အင်မတန်မှ လိုအပ်ပြီး ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံတွေက ဒီဒုက္ခသည်တွေရဲ့ ၀န်ကို ကူညီထမ်းရွက်ပေးကြဖို့ကိုလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။

ABC Radio Australia

0 comments:

Post a Comment